ကျွဲ၊ နွားများကို အာမခံထား၍ ငွေချေးယူနိုင်မည်

Myanmar Times, 16 Aug 2018
URL: https://www.mmtimes.com/news/livestock-insurance-be-launched-year-end.html
မကြာမီကာလ၌ မြန်မာနိုင်ငံတွင် ကျွဲ၊ နွားများကို အာမခံထားနိုင်သော အာမခံစနစ်တစ်ခု ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်ချိန်က ကျွဲ၊ နွားအာမခံရှိခဲ့ဖူးရာ ယခု ကျွဲ၊ နွားအာမခံသည် ဆယ် စုနှစ်သုံးခုအတွင်း ပထမဦးဆုံး ပြန်လည် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။
မြန်မာ့အာမခံလုပ်ငန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စင်ကာပူအခြေစိုက် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ (FinTech) ကုမ္ပဏီဖြစ်သည့် InfoCorp Technologies နှင့် မြန်မာနိုင်ငံအခြေ စိုက် RGK+Z&A Group တို့ပူးပေါင်းပြီး ကျွဲ၊နွားများကို အာမခံထားနိုင်မည့်အစီအစဉ်ကို အကောင်အ ထည်ဖော်ခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်သည် အာမခံတစ်ခုတည်းအတွက်တင်မ ကဘဲ အာမခံထားသော ကျွဲ၊ နွားများကို အပေါင်ထား၍ ချေးငွေရယူနိုင်မည့် အစီအစဉ်နှင့်လည်း ချိတ်ဆက်နေသည်။
ကျွဲ၊ နွားများကို အာမခံထား၍ ချေးငွေယူနိုင်မည့် အခွင့်အ လမ်းရှိလာမည်ဖြစ်ရာ ကျွဲ၊ နွားများ ပိုင်ဆိုင်သော တောင်သူ များသည် ငွေကျပ်သိန်းချီတန်ဖိုးရှိသော ကျွဲ၊ နွားများကို ပိုင်ဆိုင်သော်လည်းအရင်းအနှီး အဖြစ် ငွေကြေးတစ်စုံတစ်ရာ ရယူနိုင်ခြင်းမရှိသော အခြေအနေကို ရှောင်လွှဲလာနိုင်မည်ဖြစ်သည်။
အာမခံထားနိုင်ရန် ကနေဦးအဆင့်တွင် ကျွဲ၊ နွားများ အသိအမှတ်ပြု မှတ်ပုံတင်ခြင်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး InfoCorp Technologies ၏ နည်းပညာကို အသုံးပြု၍ ကျွဲ၊ နွားများကို မှတ်ပုံတင်မည်ဖြစ် သည်။ ကျွဲ၊ နွား တစ်ကောင်ချင်းစီ မှတ်ပုံတင်ရာတွင် ဒစ်ဂျစ်တယ်ချစ်ပ်ပြားတစ်ခုစီ ထည့်သွင်း၍ အသိအမှတ်ပြု မှတ်ပုံတင်ခြင်းကို ပြုလုပ်မည်ဖြစ်သည်ဟု RGK+Z&A Group မှ ဥက္ကဌ ဦးဇေယျမွန်က ရှင်းပြခဲ့ သည်။
မှတ်ပုံတင်ထားသော ကျွဲ၊ နွားများကို မြန်မာအာမခံလုပ်ငန်းတွင် အာမခံထားနိုင်မည် ဖြစ်သည်။ကျွဲ၊ နွားများကို အာမခံထားခြင်းကြောင့် မွေးမြူရေးတောင်သူများက ကျွဲ၊ နွားများနှင့်ပတ်သက်၍ ဆုံးရှုံးမှုများကို အကာအကွယ်ရယူနိုင်မည်ဖြစ်သည်။ ဆက်လက်၍ အာမခံပစ္စည်းဖြစ်သော ကျွဲ၊ နွားအား အပေါင်ထား၍ ဘဏ်မှ ချေးငွေရယူနိုင်မည်ဖြစ်သည်။မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးလျက်ရှိသော် လည်း လုံလောက်မှုမရှိသည့်အတွက် ယခုကဲ့သို့ တောင်သူများ ကျွဲ၊ နွားအာမခံထား၍ ဘဏ်မှချေးငွေယူနိုင်ရန် ရည်ရွယ်ဆောင်ရွ က်ခြင်းဖြစ်သည်ဟု မြန်မာ့အာမခံလုပ်ငန်းက ဆိုသည်။