စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲနိုင်ရန် ဂျပန်မှ ကူညီမည်

...

စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲနိုင်ရန် ဂျပန်မှ ကူညီမည်

Myanmar Times, 22 Jul 2018

URL: https://www.mmtimes.com/news/japan-help-myanmar-deal-waste.html
နိုင်ငံတွင် စွန့်ပစ်ပစ္စည်းအမှိုက်များတိုးလာသည့်ပြဿနာကို ကူညီရန်အတွက် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနည်းပညာ ပံ့ပိုးပေးမည်ဖြစ်သည်။

အကူအညီသည် မြန်မာနိုင်ငံ သဘာဝသံယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနတို့အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် နှစ်ဦးနှစ်ဖက်သဘောတူညီမှုနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရာ၌ ပါဝင်လာခြင်းဖြစ်သည်။

ဂျပန်က နည်းပညာအကူအညီပေးမှာပါ။ ကျွန်တော်တို့က ထိထိရောက်ရောက်စီမံပေးနိုင်ဖို့ ဂျပန်နဲ့ နှစ် ၂၀ကျော်အတွေ့အကြုံကို မြန်မြန်ဆန်ဆန် သင်ယူရမှာပါ ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ မူဝါဒနှင့် ဥပဒေရေးရာညွှန်ကြားရေးမှူးဖြစ်သူ ဦးကျော်စန်းနိုင်က ပြောခဲ့သည်။

ဂျပန်မှ အမှိုက်များအား ပြန်လည်အမျိုးအစားခွဲခြင်းနှင့် ထားသိုခြင်းစနစ်ဖြင့် မြန်မာအား ကူညီမည်ဖြစ်သည်။

မီးဖိုချောင်၊ ဆေးရုံနှင့်လျှပ်စစ်စွန့်ပစ်ပစ္စည်းများစသည်ဖြင့် မတူညီသော စွန့်ပစ်အမှိုက်များအတွင်း မြန်မာနိုင်ငံသည် မီးဖိုချောင်စွန့်ပစ်ပစ္စည်းများသည် စိုးရိမ်စရာအကောင်းဆုံးဖြစ်သည်။

မီးဖိုချောင်စွန့်ပစ်အမှိုက်များကို အခြေခံတကျနေရာချထားရန်မှာ ဂျပန်က အမှိုက်စနစ်နဲ့ပြုလုပ်ချင်တယ်ဆိုရင်တော့သီးသန့်ခွဲခြားသောစနစ်ကို အသုံးပြုရပါမယ်။ အမှိုက်တွေကို သတ်မှတ်ထားတဲ့ အမျိုးအစားအ တိုင်း သတ်မှတ်ထားတဲ့ အမှိုက်ပစ်ဘုံးတွေမှ ပစ်မယ်ရပါမယ်။ တချို့နေရာတွေမှာ အားနည်းချက်ရှိတယ်ဆိုပေမယ့် ဒီစနစ်က တဖြည်းဖြည်းနဲ့ ထိရောက်အကောင်အထည်ဖော်ရမယ့်စနစ်ပါပဲ ဟု ဦးကျော်ဆန်း နိုင်ကပြောသည်။

သင့်တော်သည့်အမှိုက်ပစ်စနစ်ကို စီမံခန့်ခွဲရာတွင် ဂျပန်မှာ ကာဗွန်ထုတ်လုပ်ခြင်းကို လျော့ချခြင်း၊ ဇီဝတည်ရှိမှုထိန်းသိမ်းခြင်းနှင့် ရာသီဥတုအပြောင်းအလဲတွင် သက်ရောက်လာမှုများကို လျော့ပါးစေခြင်းစသည်တို့ အား အကူအညီပေးမည်ဖြစ်သည်။

ဂျပန်သည် လက်ရှိတွင် ရန်ကုန်၌ အမှိုက်မှ စွမ်းအားထုတ်သည့် စက်ရုံကို လည်ပတ်နေသည်။