ထားဝယ်နှင့်ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေ

...

ထားဝယ်နှင့်ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေ

Myanmar Times, 11 Sep 2018

URL: https://www.mmtimes.com/news/dawei-kyaukphyu-sez-projects-resume.html
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားဇုန်စီမံကိန်းများ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုယ်စား စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်မောင်ချိုက စက်တင်ဘာ ၁၀ တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောသည်။

၂၀ဝ၈ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့သော တိုးတက်မှုမရှိသေး သည့် ထားဝယ်စီးပွားရေးဇုန် မူလချုပ်ဆို ထားသည့်စာချုပ် များမှာ မြန်မာနိုင်ငံဘက်မှ များစွာလိုက်လျောထားရသည့် သဘောတူညီချက်များ (Concession Agreement) များဖြစ်နေ သဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၊ ထားဝယ်စီး ပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ပြန်လည်စိစစ်လျက် ရှိသည်ဟု ဦးခင်မောင်ချိုက ဆိုသည်။ ထို့ပြင် ထား ဝယ်စီးပွားရေးဇုန်၏ အီတာလျံထိုင်းကုမ္ပဏီနှင့် ပူးတွဲအကောင်အ ထည်ဖော်မည့် ကနဦးစီမံကိန်း(Initial Phase)နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ဖြည့်ဆည်းပေးရန်ကျန်ရှိသည့် မြေငှားစာချုပ် ချုပ်ဆိုနိုင်ရေးကို လည်း ဆောင်ရွက်လျက်ရှိကြောင်း ၄င်း က ပြောသည်။

အလားတူ ထားဝယ်စီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ် နှစ်လမ်း သွားကတ္တရာလမ်းအဆင့်မြှင့် ဖောက်လုပ်ရေးအတွက်လည်း Neighbouring Countries Economic Development Cooperation Agency (NEDA)မှ ချေးငွေ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလျံကို ထိုင်းနိုင်ငံမှခွင့်ပြုပြီးဖြစ်သည့်အတွက် လမ်းဖောက်လုပ်ရေးလုပ်ငန်း များအတွက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးခင်မောင်ချို က ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖ ော်ရေးနှင့်ပတ်သက်၍ ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်ရန် အဆင့်မြင့်ကော်မတီနဲ့ ဝန်ကြီးအဆင့်ပူးတွဲကော်မတီအစည်းအ ဝေးများကိုလည်း မကြာမီခေါ်ယူညှိနှိုင်း ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ထားဝယ်စီးပွား ရေးဇုန်စီမံကိန်းရဲ့ ပင်မစီမံကိန်းအပိုင်းတွင် ဂျပန်နိုင်ငံမှပါဝင်၍ အကောင်အထည်ဖော်နိုင်ရန်ကိစ္စကိုလည်း စီစဉ်ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်”ဟု ဦးခင်မောင် ချိုက ပြော သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍လည်း တင်ဒါအောင်မြင်ထားသည့် CITIC ကုမ္ပဏီနှင့် မူဘောင်သဘော တူညီ ချက်နှင့် ဆက်စပ်စာချုပ်များသဘောတူညီချက် ချုပ်ဆိုနိုင်ရေးဆွေးနွေးလျက်ရှိပြီး လက်ရှိတွင် ပိုင်ဆိုင်မှုအချိုးအစားအပေါ် သဘောတူညီချက်ရရှိပြီဟု ဆိုသည်။ ရေနက်ဆိပ်ကမ်းကို အသုံးပြုနိုင်မှု အပေါ်မူတည်၍ ဆိပ်ကမ်းကို အဆင့်လေးဆင့်ဖြင့် အဆင့်ဆင့်တည်ဆောက်ရန် သဘောတူ ညီချက်ရရှိပြီဖြစ်ပြီး မတည်အရင်းအနှီးအတွက် စိုက်ထုတ်ရသည့် ပမာဏလျော့နည်းစေ မည်ဟုလည်း ဦးခင်မောင်ချိုက ပြောသည်။