တိုင်းရင်းသား ဘာသာ ဆရာများ ကျောင်းတွင် ရိုးရာဝတ်စုံ ဝတ်ဆင်ခွင့်ပြုရန် အစိုးရထံ တောင်းဆို

...

တိုင်းရင်းသား ဘာသာ ဆရာများ ကျောင်းတွင် ရိုးရာဝတ်စုံ ဝတ်ဆင်ခွင့်ပြုရန် အစိုးရထံ တောင်းဆို

The Irrawaddy, 14 Sep 2018

URL: https://www.irrawaddy.com/news/burma/lawmaker-asks-govt-let-minority-language-teachers-don-traditional-dress.html
ကရင်လွှတ်တော်ကိုယ်စားလှယ် တဦးက အစိုးရကျောင်းများရှိ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ ရိုးရာဝတ်စုံ ဝတ်ဆင်ခွင့်ပြု မပြု ပညာရေးဝန်ကြီးဌာနသို့ မေးမြန်းထားသည်။

လှိုင်းဘွဲ့မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် နန့်မိုးမိုးထွေးက ၎င်းမဲဆန္ဒနယ်အတွင်းရှိ ကရင် တိုင်းရင်းသား ကျောင်းဆရာ၊ ဆရာမ တ ချို့ကို ကိုယ်စားပြု၍ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ ယခင် တပတ် အင်္ဂါနေ့က စာတစောင်ပို့ခဲ့သည်။

ယင်းသို့မေးမြန်းရခြင်း ရည်ရွယ်ချက်မှာ ကရင်လူ ငယ်များ ရိုးရာဝတ်စုံ မည်သို့ဝတ်ဆင်ရမည်ကို သိစေရန်နှင့် တန်ဖိုးထားတတ်စေရန်ဖြစ်ကြောင်း သူက ပြောသည်။

“ကျမတို့မြို့နယ်က ကရင်တိုင်းရင်းသားဆရာ၊ ဆရာမတွေတင်မကဘဲ ကရင်ပြည်နယ်မှာ တာဝန်ထမ်းဆောင် နေတဲ့ တခြား ကရင်ဆရာ၊ ဆရာမတွေကလည်း သူတို့ရိုးရာဝတ်စုံ ဝတ်ချင်ကြတယ်ဆိုတာ သေချာပါ တယ်” ဟု စာလွှာတွင် ဖော်ပြထားသည်။

နန့်မိုးမိုးထွေး၏ စာသည် ဆရာ၊ ဆရာမများကို ၎င်းတို့ရိုးရာဝတ်စုံ ဝတ်ဆင်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရသို့ ပထမဆုံး တောင်း ဆိုမှုဖြစ်သည်။

မွန်အမျိုးသားပညာရေးဌာနမှ သုတေသနနှင့် စည်းရုံးရေးဆိုင်ရာ စီစဉ်ညှိနှိုင်းရေးမှူး နိုင်ရော့ဂတောင်က တိုင်းရင်းသား လူနည်းစုဆရာ၊ ဆရာမများကို အစိုးရအနေဖြင့် အသိအမှတ်ပြုရန် အရေးကြီးကြောင်း ပြော သည်။ အစိုးရက ၎င်းတို့ကို တိုင်းရင်း သားဝတ်စုံကို နေ့စဉ်မဟုတ်လျှင် တပတ်တကြိမ် အနည်းဆုံး ဝတ်ဆင်ခွင့်ပြုသင့်ကြောင်း သူက အကြံပြုသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချိန်တွင် မွန်ပြည်နယ်ရှိ မွန်ဘာသာစကားသင် ဆရာ၊ ဆရာမများကို မွန်တိုင်း ရင်း သားဝတ်စုံ စတင်ဝတ်ဆင်ခဲ့သော်လည်း ယမန်နှစ်က ဆက်လက် မဝတ်ဆင် ကြ တော့ကြောင်း၊ အစိုးရက သင်ရိုးညွှန်း တမ်းတွင် လူနည်းစု တိုင်းရင်းစားဘာသာစကား ပြဋ္ဌာန်းပြီးနောက် ဆရာ၊ ဆရာမများကို အစိုးရဝန်ထမ်းအဖြစ် သတ်မှတ် ထားသော တူညီဝတ်စုံသာ ဝတ်ဆင်စေခဲ့ကြောင်း နိုင်ရော့ဂတောင်က ပြောသည်။

“ထိုင်းနိုင်ငံမှာ လိုမျိုး တိုင်းရင်းသား လူနည်းစု ကျောင်းသားတွေကိုတောင်မှ သူတို့ရဲ့ ရိုးရာဝတ်စုံတွေကို အစိုးရက ခွင့်ပြုပေး သင့်ပါတယ်။ ကျောင်းသားတွေကို တပတ်မှာတရက် သက်ဆိုင်ရာ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်တာ ခွင့်ပြုတာမျိုးပါ” ဟု သူက ပြောသည်။