အစိုးရမှ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ပထမဆုံးအကြိမ်တွေ့ဆုံ

...

အစိုးရမှ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ပထမဆုံးအကြိမ်တွေ့ဆုံ

Myanmar Times, 06 Sep 2018

URL: https://www.mmtimes.com/news/government-meets-northern-alliance-groups-first-time.html
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များသည် ဆွေးနွေးမှုများကို ပြန်လည်အစပြု ဆွေးနွေးရန်နှင့် ရှေ့ဆက်ဖြစ်ပွားနေသည့်တိုက်ပွဲများကို ရပ်တန့် နိုင်ရန်အတွက် တရုတ်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့၌ တွေ့ဆုံခဲ့သည်။

ကူးမင်းမြို့တွင် ကျင်းပသည့်အစည်းအဝေးသည် ကော်မရှင်နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသည့် တအောင်းအမျိုးသားတပ်မတော်၊ ရက္ခိုင်တပ်မတော်နှင့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ် မတော်တို့အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးလည်းဖြစ်သည်။

ကျွန်တော်တို့သူတို့နဲ့ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ နောက်ထပ် တိုက်ပွဲတွေမဖြစ်အောင်ကာကွယ်ဖို့အတွက် ပြောခဲ့ကြပါတယ်။ နောက်လမှ ထပ်တွေ့ဖို့ သဘောတူညီခဲ့ကြပါတယ် ဟု ပြောခဲ့သည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့အစည်းတို့မှလည်း လေ့လာသူအနေဖြင့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကောင်းတဲ့ခြေလှမ်းတစ်ခုပါပဲ ဟု ပြောကြားခဲ့သည်။

TNLA ၊ AA နှင့် MNDAA သည် NCA လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။ တပ်မတော်မှ ၎င်းတို့အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မပါဝင်မီ လက်နက်စွန့်ဆန္ဒမရှိကြောင်း စွပ်စွဲခဲ့သည်။ သို့သော်လည်း နှစ်ဖက်စလုံးမှမဟာမိတ်များသည် နောက်ဆုံးကျင်းပသည့် ပင်လုံညီလာခံသို့ လေ့လာသူအဖြစ်တက်ရောက်ခဲ့ကြပြ အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များနှင့်လည်း ညီလာခံပင်ပြတွင် သီးသန့်တွေ့ ဆုံခဲ့ ကြသည်။