UNA ခေါင်းဆောင်များမှ ဖက်ဒရယ်ဖွဲ့စည်းပုံအတွက် အရေးပါသည့်အချက်များကို ဆွေးနွေး

...

UNA ခေါင်းဆောင်များမှ ဖက်ဒရယ်ဖွဲ့စည်းပုံအတွက် အရေးပါသည့်အချက်များကို ဆွေးနွေး

Eleven Myanmar, 04 Oct 2018

URL: http://www.elevenmyanmar.com/politics/15352
ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများမဟာမိတ်အဖွဲ့(UNA) မှ အဖွဲ့ဝင်ခေါင်းဆောင်များသည် ရန်ကုန်တွင် သုံးရက်တာကျင်းပသည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပါက ဖက်ဒရယ်ဖွဲ့စည်းပုံမူများ မည်သို့ပေါင်း စည်းရမည်ဆိုသည့်အပေါ် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဦးစွာ ဖက်ဒရယ်ပြည်ထောင်စုမူကြမ်းကို ရန်ကုန်ရှိ တော်ဝင်ရွှေ ၉ မိုင်ဟိုတယ်တွင် အောက်တိုဘာ ၁ ရက်မှ ၃ရက်နေ့အထိ ဆွေးနွေးခဲ့ကြပြီး UNA အဖွဲ့ဝင်ခေါင်းဆောင် ၃၇ ဦးတက်ရောက်ခဲ့သည်။

"ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ဖက်ဒရယ်အတွက်မူတွေက အရမ်းကို အရေးကြီးပါတယ်။ ဖက်ဒရယ်နဲ့အညီရေးဆွဲတားတဲ့ ဖွဲ့စည်းပုံလည်းဖြစ်ရပါမယ်။ ဖွဲ့စည်းပုံမှာ ထည့်သင့်တဲ့ ဖက်ဒရယ်မူတွေအကြောင်းကို ကျွန် တော်တို့ဆွေးနွေးနေပါတယ်" ဟု SNLD မှ ထွေထွေအတွင်းရေးမှူး- ၂ ဖြစ်သူ ကျော်ညွန့်က ပြောသည်။

ဖက်ဒရယ်ဝါဒများအပြင် နိုင်ငံအတွက် အရေးပါသည့် ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် မူနှင့် ဝါဒများကို UNA ဆက်လက်ရေးဆွဲသွားရန် စီစဉ်နေသည်။

UNA သည် ၎င်း၏အဖွဲ့ဝင် နိုင်ငံရေးပါတီများရှိရာ ပြည်နယ်များသို့ သွားရောက်မည်ဖြစ်ပြီး ဖက်ဒရယ်မူအပြင် ၎င်းတို့၏ရပ်တည်ချက်နှင့်သဘောထားများကို ဒေသခံများနှင့် ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ် သည်။

"ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်ပြီး ထောင့်ပေါင်းစုံကနေ ပါဝင်လုပ်ဆောင်နေပါတယ်။ တချို့ UNA အဖွဲ့ဝင်တွေက နိုင်ငံရေးပါတီတွေ ရှိပါတယ်။ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေက UNA ရဲ့ သဘောထားတွေကို ဆက်လက်လုပ်ဆောင်ပါမယ်။ တိုင်းရင်းသားတွေကလည်း UNA ရဲ့ ရပ်တည်ချက်နဲ့ ဖက်ဒရယ်ဆိုင်ရာဖွဲ့စည်းပုံမှာ ပါဝင်တယ်ဆိုတာကို သိကြပါတယ်။"

UNA ကို SNLD၊ ALD၊ MNP ၊ ZCD ၊ KNC ၊ KNP ၊ SSKDP ၊ KNP ၊ APP ၊ MNDP ၊ ၊DNDP ၊KNP ၊ CLDP ၊ CPP နှင့် SNSP တို့ဖြင့် ဖွဲ့စည်းထားသည်။