ကောက်ပဲသီးနှံစိုက်ပျိုးသည့်လယ်သမားများအား ချေးငွေ တိုးပေးမည်

...

ကောက်ပဲသီးနှံစိုက်ပျိုးသည့်လယ်သမားများအား ချေးငွေ တိုးပေးမည်

Myanmar Times, 23 Oct 2018

URL: https://www.mmtimes.com/news/loans-help-farmers-crops-be-increased.html
နိုင်ငံပိုင်မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးရေးဘဏ်(MADB) သည် ကောက်ပဲသီးနှံစိုက်ပျိုးသည့် လယ်သမားများအား သီးနှံထုတ် လုပ်မှုစရိတ် ကာမိစေရန်အတွက် တစ်ဧကလျှင် ကျပ် ၅ သောင်းမှ တစ်သိန်းကျပ် အထိ ချေးငွေ တိုးပေးသွားမည်ဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန(MOPF) က ယမန်နေ့က ပြောကြားခဲ့သည်။

MADB သည် လယ်သမားများအား ကူညီသည့်အနေဖြင့် ရိတ်သိမ်းရာသီအတွက် ကောက်ပဲသီးနှံအထွက်နှုန်းတိုးလာစေရန်ရည်ရွယ်၍ ဆန်၊ ပဲအမျိုးမျိုး၊ ချည် နှင့် ပြောင်းစသည်ကဲ့သို့ သီးနှံများအတွက် ချေးငွေ ပေးသည်။

၂၀၁၆ ခုနှစ်တွင် ဘဏ်သည် ဆန်စပါးစိုက်သည့် လယ်သမားများအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်မှ ယမန်နှစ်ထိ တစ်ဧကလျှင် ၁ သိန်း ၅သောင်းကျပ်အထိ ချေးငွေပေးခဲ့သည်။ အခြားသော သီးနှံများအ တွက် ချေးငွေမှာ တစ်ဧကလျှင် ၂ သောင်းကျပ်မှ ၅ သောင်းကျပ်အထိ တိုးပေးခဲ့သည်။

“ အစိုးရက ငွေရေးကြေးရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့နဲ့ လယ်သမားတွေနဲ့ စိုက်ပျိုးစီးပွားလုပ်ငန်းတွေကို ကူညီဖို့အတွက် ရေရှည်ရည်မှန်းချက်ရှိပါတယ်။ အခုအခါမှာ ကျွန်တော်တို့က စိုက်ပျိုး ရေးကဏ္ဍမှာ အရင်ကထက်ပိုပြီး ငွေကြေးဆိုင်ရာ ပံ့ပိုးပေးနေပါတယ် " ဟု MOPF မှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယခုလအစောပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍနှင့် အသေးစား၊အလတ်စား လုပ်ငန်းများအ တွက် ငွေကြေးပံ့ပိုးပေးခြင်းနှင့် ပတ်သက်ပြီး ပြောကြားရာ၌ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ဘဏ်၏အဆိုအရ ၂၀၁၅မှ ၂၀၁၆ အတွင်း လယ်သမားများအတွက် ချေးငွေ ကျပ် ၁.၆၀၀ ထရီလီယံ ထုတ်ပေးခဲ့သည်။ ယမန်နှစ်က ချေးငွေမှ ၁. ၇ ထရီလီယံရှိသောကြောင့် တိုးလာခြင်းဖြစ်သည်။

ယခုနှစ်တွင် ဘဏ်သည် လယ်သမား နှစ်သန်းကျော်ကို စုစုပေါင်းချေးငွေ ၁.၃ ထရီလီယံ ချေးပေးခဲ့သည်။ နိုင်ငံ၏ စိုက်ပျိုးရာသီရောက်သောအခါ ချေးငွေများ ထုတ်ပေးခဲ့သည်။