ဧရာဝတီတိုင်းတွင် ကမ်းခြေအသစ်များဖွင့်လှစ်နိုင်ရန် စူးစမ်းလေ့လာမှုများ ပြုလုပ်နေ

...

ဧရာဝတီတိုင်းတွင် ကမ်းခြေအသစ်များဖွင့်လှစ်နိုင်ရန် စူးစမ်းလေ့လာမှုများ ပြုလုပ်နေ

Eleven Myanmar, 10 Oct 2018

URL: http://www.elevenmyanmar.com/tourism/15414
ဧရာဝတီတိုင်းတွင် ခရီးသွားလာရေးလုပ်ငန်း တိုးမြှင့်စေရန် ရည်ရွယ်၍ အစိုးရသည် အသုံးမပြုရသေးဘဲ ကျန်ရှိနေသေးသည့် ကမ်းခြေများကို ယခုအခါ စူးစမ်းလေ့လာမှုများပြုလုပ်နေပြီဖြစ်သည်။

လက်ရှိတွင် ဂေါ်ရင်ဂျီကျွန်းနှင့် ရွှေသောင်ယံကမ်းခြေတို့ကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဦးစွာ ဦးစားပေးဆောင်ရွက်လျှက်ရှိသည်။

“အရင်တုန်းကတော့ လာရောက်လည်ပတ်တဲ့သူတွေက ရွှေသောင်ယံမြို့နယ်ကို လှေနဲ့သွားကြတယ်။ အဲ့အချိန်တုန်းက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ရွှေသောင်ယံမှာ ဟိုတယ်တစ်ခုဆောက်ထားခဲ့ပြီး ရွှေသောင်ယံလို့ပဲအမည်ပေးထားတယ်။ အခုနောက်ပိုင်းမှတော့ တံတားဆောက်တာ ပြီးခါနီးနေပြီ။ ဒီရက်တွေထဲမှာ ဒေသဆိုင်ရာဝန်ကြီးက တံတားကိုလာကြည့်ပြီး ကမ်းခြေပတ်လည်မှာ ပတ်ဝန်းကျင်သပ် သပ်ရပ်ရပ်ရှိမရှိ လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်။ ကွန်ကရစ်လောင်းတံတားပေါ်မှာ ကတ္တရာလမ်း ခင်းနေပါတယ်။ ဒီလမ်းပြီးသွားရင် ချောင်းသာက ခရီးသွားတွေအနေနဲ့ ရွှေသောင်ယံကမ်းခြေကို အ လွယ်တကူလာလို့ရပါပြီ။ စီးပွားလုပ်ငန်းတွေကိုလည်း အဲ့ဒီက အိမ်ခြံမြေတွေမှာ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။ ဒီရွှေသောင်ယံကမ်းခြေက မကြာခင်မှာ ချောင်းသာကမ်းခြေထက်ကို နာမည်ပိုကျော်ကြား သွားမှာပါ ” ဟု ဧရာဝတီတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဌာန ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်လင်းထွန်းက ပြောခဲ့သည်။

“အဓိကကတော့ ကျွန်တော်တို့ လျှပ်စစ်မီး လိုအပ်တာပေါ့။ လောလောဆယ်တော့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေက မီးအပြည့်အဝ မရသေးဘူး။ သို့ပေမယ့်လည်း ငွေဆောင်ကမ်းခြေမှာ မီးပေးဖို့ စတင်ဆောင်ရွက်နေပါပြီ။ ဒီလိုမီးပေးခြင်းအားဖြင့် ကမ်းခြေနှစ်ခုစလုံးက ဆက်နေတာကြောင့် ချောင်းသာနဲ့ငွေဆောင်ဟာ မီးအပြည့်အဝ ရရှိမှာဖြစ်ပါတယ်။ ငရုတ်ကောင်းမြို့နယ်မှာတော့ ပင်မဓာတ် အားလိုင်းမရှိတာကြောင့် မီးမရှိပါဘူး။ အခုအခါမှာတော့ ဒေသကြီးအစိုးရကော်မတီက သွားရေးလာရေးလွယ်ကူစေရန်အတွက်ဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။ ကတ္တရာလမ်းပြီးသွားရင်တော့ လျှပ်စစ်မီး လည်းရရှိလာမှာပါ။ အားလုံးတိုးတက်အောင်လုပ်ဖို့က မလွယ်ကူဘူး ” ဟု ဇော်လင်းထွန်းက ပြောခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၌ ကမ်းခြေများတွင် ခရီးသွားလုပ်ငန်းလိုအပ်မှုများနှင့်အညီ ကိုက်ညီမှုရှိစေရန် ရည်ရွယ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများသည် ဌာနခေါင်းဆောင်များ၊ ဝန်ကြီးများနှင့်အတူ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီးမံကိန်းများ အကောင်အထည်ဖော်ဆောင်မှုရှိစေရန် စီစဉ်ဆောင်ရွက်နေပါသည်။