ကယားပြည်နယ်တွင် ဝက်မွေးမြူရေးအတွက် အကြီးစားရင်းနှီးမြှုပ်နှံမှု ရရှိ

...

ကယားပြည်နယ်တွင် ဝက်မွေးမြူရေးအတွက် အကြီးစားရင်းနှီးမြှုပ်နှံမှု ရရှိ

The Myanmar Times, 26 Oct 2018

URL: https://www.mmtimes.com/news/big-investment-boost-pig-farming-kayah.html
ဒတ်ချ်တိရစ္ဆာန်အစားအစာကုမ္ပဏီ De Heus နှင့် ယူကေအစိုးရသည် နိုင်ငံ၏ ပထမဆုံးဖြစ်မည့် ဝက်သားစပ်မွေးမြူရေးယာ တည်ထောင်ခြင်းအပါအဝင် မြန်မာနိုင်ငံ၏ ဝက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးစေရန် အတွက် ယူအက်စ်ဒေါ်လာ ၃.၂ သန်း ရင်းနှီးမြှုပ်မှုကို ကြေညာခဲ့သည်။ စီမံကိန်း၏ရည်ရွယ်ချက်မှာ လယ်သမားများ၏ အထွက်နှုန်းတိုးလာစေရန်နှင့် ဝက်သားစျေးကွက်လိုအပ်မှုကို မြှင့်တင်ပေးရန်အတွက် ၎င်းတို့ကို ပံ့ပိုးပေးရန်ဖြစ်သည်။

ယူကေ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID) မှ စီမံကိန်းသည် ကယားပြည်နယ်၌ တစ်ခုတည်းသော အကြီးမားဆုံး စီးပွားရေးရင်းနှီးမြှုပ်နှံမှုဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

DFID ငွေကြေးထောက်ပံ့မှုရထားသည့် DaNa အဖွဲ့နှင့် မြန်မာ De Heus အဖွဲ့သည် ဝက်ထုတ်လုပ်မှုချိတ်ဆက်မှုများတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးဝက်သားစပ်မွေးမြူရေးယာကို ကယားပြည်နယ် မြို့တော်ဖြစ်သော လွိုင်ကော်မြို့အနီးတွင် တည်ထောင်ခဲ့ကာ နိုင်ငံခြားသို့ အရည်အသွေးမျိုးကောင်းသည့် ဝက်မအကောင် ၂၅၀ ကို တင်ပို့နေသည်။ နယ်သာလန်အခြေစိုက်ကုမ္ပဏီမှလည်း သရုပ်ပြလယ်များကို ကချင်၊ ချင်း၊ နေပြည်တော်၊ ရှမ်း ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ပြည်၊ ပုသိမ်နှင့် ကယားပြည်နယ်တို့တွင် တည်ထောင်သွားမည်ဖြစ်ပြီး ဝက်မွေးမြူခြင်းနှင့် လက်တွေ့ စီမံခန့်ခွဲမှုများ ရရှိစေ ရန်အတွက် လယ်သမားဦးရေ တစ်သောင်းကို သင်တန်းပေးမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းဝက်ထုတ်လုပ်ရေးသည် စုစုပေါင်းထုတ်လုပ်မှု ၉၀ရာခိုင်နှုန်းအတွက် အသေးစားထုတ်လုပ်သူများအပေါ် မှီခိုနေရသည်။ လုပ်ငန်းသည် နိုင်ငံတကာအဆင့်အတန်းမီရန် လိုအပ်ပြီး လက်ရှိတွင် လိုအပ်ချက်များကို ဖြည့်မီရန် မလုပ်ဆောင်နိုင်သေးပေ။ စျေးကွက်ရှိ လိုအပ်မှုများမှာ အစားအစာအရည်အသွေးညံ့ဖျင်းခြင်း၊ မွေးမြူရေးအားနည်းခြင်း၊ ကုသရေးပိုင်းအားနည်းခြင်း၊ ဇီဝလုံခြုံရေးဆိုင်ရာ ပြဿနာများရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် ဒေသတွင်းဝက်များ၏ မျိုးစိတ်ညံ့ခြင်း စသည်တို့ကြောင့်ဖြစ်သည်။

ထိုအကျိုးဆက်ကြောင့် ဒေသတွင်းဝက်ထုတ်လုပ်သူအသေးစားလုပ်ငန်းရှင်များသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ဖို့အတွက် လွဲချော်သွားခဲ့သည်။ ဒေသတွင်း ဝက်သားစားသုံးသူများသည် အရည်အသွေးနိမ့်သည့်ဝက်သားကို အခြားသောဒေသများထက် စျေးကြီးပေးကာ ဝယ်စားနေရသည်။

စီမံကိန်းသည် ထိုသို့သောကိစ္စများကို ဖြေရှင်းပေးနိုင်လိမ့်မည် ဟု DFID မှ ခေါင်းဆောင် Dr Gail Marzetti က ပြောခဲ့သည်။

"ဒီစီမံကိန်းက မြန်မာနိုင်ငံက ဝက်စျေးကွက်ကို သိသိသာသာပြောင်းလဲပေးနိုင်ဖို့အလားအလာရှိတယ်လို့ DFID က ယုံကြည်မှုရှိပါတယ်။ မြန်မာနိုင်ငံမှာ ဝက်မျိုးစိတ် အရည်အသွေးတိုးတက်ကောင်း မွန်လာ ခြင်းအားဖြင့် အသေးစားမွေးမြူသူများ၏ကျွမ်းကျင်မှုများလည်း တိုးလာမှာဖြစ်ပြီး ၎င်းတို့အတွက် အကျိုးအမြတ်ရရှိမှာဖြစ်သလို ဝင်ငွေနည်းပါးသည့် မွေးမြူသူများအတွက်လည်း အကျိုးရရှိမှာဖြစ်ကာ စျေး ကွက်ရဲ့ဝယ်လိုအားကို ဖြည့်မီလာနိုင်ပါတယ်။ သူတို့ရဲ့အသားတင်အမြတ်ကို ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိတိုးလာစေဖို့ ရည်ရွယ်ပါတယ်။"

"ကျွန်တော်တို့ ဝက်မွေးမြူရေးမှာ ရင်းနှီးမြှုပ်နှံထားပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဝင်ငွေနည်းပါးတဲ့ထုတ်လုပ်သူတွေအတွက် အကျိုးအမြတ်တိုးလာပြီး စျေးကွက်တိုးတက်ကောင်းမွန်လာခြင်းဟာ ဆင်းရဲတဲ့ ဘဝတွေကောင်းမွန်လာဖို့ ကျွန်မတို့ ကူညီနေတာဖြစ်ပါတယ်" ဟုပြောခဲ့သည်။

ဝယ်လိုအားများလာခြင်း

မြန်မာနိုင်ငံ၌ ဝက်သားစားသုံးခြင်းသည် ငါး၊ ကြက်ဘဲတို့နှင့်ယှဉ်လျှင် စားသုံးမှုနည်းပါးသည်။ အကြောင်းမှာ ဝက်သားစျေးနှုန်းသည် အခြားသော အသားများထက် ပိုစျေးကြီးသောကြောင့်ဖြစ်သည်။

သို့သော်လည်း မြန်မာ De Heus မှ Harry Schimmel က ဝက်သားဝယ်လိုအား လျှင်မြန်စွာ တိုးလာမည်ဟု ယုံကြည်ကြောင်း ပြောသည်။

စီမံကိန်းသည် ဒေသခံဝက်မွေးမြူရေးသမားများအတွက် ကြီးမားသောအခွင့်အလမ်းတစ်ခုဖြစ်ပြီး ဝက်ထုတ်လုပ်မှုစျေးကွက်တစ်ခုလုံးတွင် ဝက်အရည်အသွေးသည်လည်း တိုးတက်စေရုံသာမက ထိုကဏ္ဍ တွင် လုပ်ကိုင်နေသောသူများ၏ ဝင်ငွေလည်း တိုးလာမည်ဖြစ်သည်။ DaNa အဖွဲ့မှတဆင့် ယူကေ၏ ပံ့ပိုးကူညီမှုမပါဘဲ ထိုသို့ ဖြစ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဝက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုကို ပံ့ပိုးပေးသည့် ၎င်းတို့၏အကူအညီပေးမှုကို ကျေးဇူးတင်နေကြသည်။