လာမည့်နှစ် စက်တင်ဘာလတွင် ထင်ရှားကျော်ကြားသည့်ကမ်းခြေသုံးခု လျှပ်စစ်မီးရရှိမည်

...

လာမည့်နှစ် စက်တင်ဘာလတွင် ထင်ရှားကျော်ကြားသည့်ကမ်းခြေသုံးခု လျှပ်စစ်မီးရရှိမည်

Eleven Myanmar, 03 Nov 2018

URL: https://elevenmyanmar.com/news/three-famous-beaches-to-get-electricity-in-sept-next-year
ဧရာဝတီတိုင်းရှိ ချောင်းသာ၊ ငွေဆောင်နှင့် ငွေသောင်ယံကမ်းခြေသည် လာမည့်နှစ် စက်တင်ဘာလဝန်းကျင်တွင် လျှပ်စစ်မီးရရှိတော့မည်ဖြစ်သည်။

ထိုကမ်းခြေများဖွင့်လှစ်သည့်အချိန်ကတည်းကပင် လျှပ်စစ်မီးအပြည့်အဝ ရရှိမှု မရှိခဲ့ပေ။ လက်ရှိတွင် ပင်မလိုင်းမှသွယ်တန်းတပ်ဆင်ခြင်းများနှင့် လျှပ်စစ်ရုံခွဲများဆောက်လုပ်ခြင်းသည် စတင်လုပ်ဆောင်နေ ဆဲဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများသည် ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

ဧရာဝတီတိုင်း လျှပ်စစ်၊စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းမှ ဝန်ကြီးဖြစ်သူ ဦးဝင်းဌေးက အခု ဂွမြို့နယ်မှာ လျှပ်စစ်မီး ရရှိနေပါပြီ။ ကမ်းခြေတလျှောက် လျှပ်စစ်မီးရရှိဖို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ မကြီးဇင်ကလည်း ကျွန်တော်တို့ တိုင်းထဲမှာပါဝင်ပါတယ်။ ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေက ခရီးသွားဧည့်သည်တွေအတွက် အဓိကကျပါတယ်။ တိုင်းဒေသကြီးအစိုးရနဲ့ ပြည်ထောင်စုအစိုးရက ဘတ်ဂျက်တွေကိုအသုံးပြုပြီး စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်နေကြပါတယ် ဟု ပြောခဲ့သည်။

“သလပ်ခွားမှာရှိတဲ့ငွေဆောင်နဲ့ ပုသိမ်အတွင်းမှာရှိတဲ့ ၁၇ မိုင်ရှည်တဲ့ ၆၆ KV လျှပ်စစ်တပ်ဆင်တာ ပြီးတော့မယ်။ ၆၆ KV ရှိတဲ့ ဓာတ်အားပေးစက်ရုံအများစုက ဆောက်လုပ်ပြီးစီးနေပါပြီ။

ငွေဆောင်နဲ့ချောင်းသာကြားမှာရှိတဲ့ ၁၃ မိုင်ရှည်တဲ့ ဓာတ်အားပေးလိုင်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ဘက်ဂျက်ကိုအသုံးပြုပြီး စတင်တပ်ဆင်နေပါပြီ။ ချောင်းသာမှာရှိတဲ့ ၆၆ KV ဓာတ်အားပေးစက်ရုံခွဲ ပြီးစီးပြီ ဆိုရင် ချောင်းသာနဲ့ ရွှေသောင်ယံကြားမှာ ကိုးမိုင်ရှည်တဲ့လျှပ်စစ်ပင်မလိုင်းတစ်ခုကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ဘက်ဂျက်ငွေကို အသုံးပြုပြီး တည်ဆောက်ပါမယ်။ လျှပ်စစ်မီးရရင် ဒေသက ခရီးသွားလာရေးလုပ် ငန်းအတွက် အကျိုးအမြတ်ရပါလိမ့်မယ်။ အကြောင်းက အခုအခါ ချောင်းသာနဲ့ငွေဆောင်က လျှပ်စစ်မီးရဖို့အတွက် မီးအားမြှင့်စက်အပေါ်မှာပဲ မှီခိုနေရလို့ပါ ” ဟု သူက ပြောခဲ့သည်။