သိမ်းယူထားသည့် မြေဧက ၂၀၀၀ ကျော်ကို မန္တလေးတွင် မူလပိုင်ရှင်များထံ ပြန်လည် လွှဲပြောင်းပေး

...

သိမ်းယူထားသည့် မြေဧက ၂၀၀၀ ကျော်ကို မန္တလေးတွင် မူလပိုင်ရှင်များထံ ပြန်လည် လွှဲပြောင်းပေး

Myanmar Times, 08 Nov 2018

URL: https://www.mmtimes.com/news/more-2000-hectares-seized-land-mandalay-returned-original-owners.html
တပ်မတော်နှင့်အစိုးရမှ ၁၉၈၈ ခုနှစ်တွင် မန္တလေးသပိတ်ကျင်းနှင့် ပြင်ဦးလွင်မြို့နယ်၌ ၎င်းတို့သိမ်းယူခဲ့သည့် မြေများကို ကာကွယ်ရေးဝန်ကြီးဌာနမှ မြေဧက ၂၀၀၀ ဟက်တာကျော်ကို မူလပိုင်ရှင်များထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်၌ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြားသောအစိုးရအဖွဲ့အစည်းများမှ သိမ်းယူထားသည့် ဧက ၁၀၅၂ ဟက်တာကျော်မှ ဧက ၄၄၅ ဟက်တာကျော်ကို လယ်သမား ၁၂၄ ဦးထံ အောက်တို ဘာ ၃၀ ရက်နေ့က ယာယီမြေအသုံးချခွင့်လက်မှတ်နှင့်အတူ ပြန်လည်ပေးအပ်ခဲ့သည်ဟု သပိတ်ကျင်းမြို့နယ် ဒေသကြီးလွှတ်တော်အမတ် ဦးတင့်မြင့်ဆွေက ပြောခဲ့သည်။

"လွှဲပြောင်းပေးအပ်တဲ့မြေအများစုကို ကြံ၊ပဲမျိုးစုံစိုက်တဲ့ လယ်သမားတွေက ပိုင်ဆိုင်ပါတယ်။ ကျွန်တော်တို့မြို့မှာ မူလပိုင်ရှင်တွေဆီကိုပြန်ပေးဖို့လိုအပ်တဲ့ သိမ်းထားတဲ့မြေတွေ အများကြီးရှိပါတယ် " ဟု သူကပြောသည်။

ပြင်ဦးလွင်မြို့နယ်၌ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိမ်းယူထားသည့် မြေ ၁၈၂၁ ဟက်တာနှင့် ဗဟိုမီးသတ်ဌာနမှ သိမ်းယူထားသည့်မြေ ၁၁၇ ဟက်တာကို မူလပိုင်ရှင်များဖြစ်သည့် တောင်သူ လယ်သမား ၈၆၁ ဦးထံသို့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ဒေသကြီးလွှတ်တော်အမတ်ဦးအောင်မင်းက ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းရှိ လယ်သမားများထံမှ သိမ်းယူထားသည့် ဟက်တာ ၂၄၀၀ ကို မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း ဟက်တာ ၃၆၀၀ ကျော် ပြန်လည်စွန့်လွှတ်ရန်လိုသေး ကြောင်း ဒေသကြီးဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

ထိုသို့လုပ်ဆောင်ရာတွင် အခက်အခဲအချို့ရှိကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့သည်။

တချို့အမှုကိစ္စများတွင် မြေပေါ်၌ ကျူးကျော်များဝင်ရောက်နေထိုင်မှုများ ရှိနေခဲ့သည်။ တချို့ကိစ္စများမှာ မူလပိုင်ရှင်က ကွယ်လွန်သွားသဖြင့် အစိုးရက မြေအမွေဆက်ခံမည့်သူကို စိစစ်စစ်ဆေးရသည်။