တိုင်းရင်းသားကရင်ပါတီသစ်မှ ငြိမ်းချမ်းရေးအတွက် ဦးတည်ထားဆောင်ရွက်မည်

...

တိုင်းရင်းသားကရင်ပါတီသစ်မှ ငြိမ်းချမ်းရေးအတွက် ဦးတည်ထားဆောင်ရွက်မည်

Myanmar Times, 13 Nov 2018

URL: https://www.mmtimes.com/news/new-ethnic-karen-party-focus-peace.html
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) သည် ကရင်ပြည်နယ်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြန်လည်ရင်ကြားစေ့ရေးအပေါ် အာရုံစိုက်လုပ်ဆောင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် အကူအညီပေးသွားမည်ဖြစ်ကြောင်း အဖွဲ့က ၂၀၂၀ ရွေးကောက်ပွဲအတွက် ၎င်းတို့၏ အစီအစဉ်များကို ကြေညာရင်း ပြောကြားခဲ့သည်။

KNDP ဗဟိုကော်မရှင်သည် ပြီးခဲ့သည့်အစည်းအဝေးအတွင်း ၂၀၂၀ ရွေးကောက်ပွဲကမ်ပိန်း၌ ပါတီအတွက် ရည်ရွယ်ချက်များကို ချမှတ်ပေးခဲ့သည်ဟု ပါတီဥက္ကဌ မန်းအောင်ပြည်စိုးက ပြောခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ပြန်လည်ရင်ကြားစေ့ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အောင်မြင်ဖို့နဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွင်း နားလည်မှုရှိဖို့ ကျွန် တော်တို့ တိုက်တွန်းခဲ့ပါတယ်ဟု သူကပြောခဲ့သည်။

၂၀၂၀ မတိုင်မီ ရည်မှန်းချက်တွေ ပြည့်ရန်ကြိုးစားမည်ဖြစ်ကြောင်း KNDP က ပြောခဲ့သည်။

အစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင် ၅၀ ဦး တက်ရောက်လာခဲ့ကြပြီး KNDP ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်း ဆွေးနွေးခဲ့သည်။

ပါတီရဲ့ဘတ်ဂျက်၊ ရွေးကောက်ပွဲကမ်းပိန်းအစီအစဉ်အပါအဝင် ကျွန်တော်တို့ ပါတီ အင်အားကောင်းလာအောင် ကျွန်တော်တို့ လုပ်ခဲ့ပါတယ် ဟု မန်းအောင်ပြည်စိုးက ပြောခဲ့သည်။

KNDP သည် အောက်တိုဘာ ၂၆ ရက်အစည်းအဝေးပြီးနောက် သံတောင်ကြီးနှင့် ဖာပွန်မှအပ ကရင်ပြည်နယ်ရှိ မြို့နယ်များတွင် ပါတီရုံး ၂၀ ကျော် ဖွင့်လှစ်ခဲ့သည်။

အခြားသောရုံးများကို ပြည်နယ်၌ မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ မန်းအောင်တင်ဝင်းက ပြောခဲ့သည်။

ရုံးတွေဖွင့်တာနဲ့ ကျွန်တော်တို့ကမ်ပိန်းတွေစနေပါပြီ ဟု သူကဆိုသည်။

KNDP အား ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်တိုးတက်ရေးပါတီ ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီတို့ဖြင့် ဖွဲ့စည်းထားဖြင်းဖြစ်ပြီး ဖေဖော် ဝါရီလတွင် ပါတီမှတ်ပုံတင်ခဲ့သည်။