ဝေးလံသီခေါင်သောဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံလေးခုမှ ယူအက်စ်ဒေါ်လာ၂၁၅ သန်း ထောက်ပံ့ပေးရန် ကတိပြု

...

ဝေးလံသီခေါင်သောဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံလေးခုမှ ယူအက်စ်ဒေါ်လာ၂၁၅ သန်း ထောက်ပံ့ပေးရန် ကတိပြု

Myanmar Times, 23 Nov 2018

URL: https://www.mmtimes.com/news/four-countries-pledge-us215m-healthcare-remote-areas.htmlင
အင်္ဂလန်၊ ဆွီဒင်၊ အမေရိကန်နှင့် ဆွတ်ဇာလန်နိုင်ငံတို့မှ ဝေးလံသီခေါင်သောဒေသများတွင်နေထိုင်သည့်မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်စေသည့်အစီအစဉ်များအတွက် ယူအက်စ်ဒေါ် လာ ၂၁၅ သန်းပံ့ပိုးပေးရန် ကတိပြုခဲ့သည်။

အစီအစဉ်ကို United Nations Office for Project Services မှ စီမံခန့်ခွဲသည့် Access to Health Fund က ဦးဆောင်ဦးရွက်လုပ်ကိုင်မည်ဖြစ်သည်။

၅နှစ်တာစီမံကိန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်မည်ဖြစ်ပြီး အမျိုးသားကျန်းမာရေးရည်မှန်းချက်များနှင့် ဦးစားပေးများကို ဆက်လက်ဆောက်ရွက်သွားရန် ရည်ရွယ်သည်၊ အထူးသဖြင့် ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး ကျန်းမာရေးစောင့်ရှောက်မှု၌ အောင်မြင်မှုရရှိစေရန်အတွက် ပံ့ပိုးပေးမည်ဖြစ်သည်။

ရန်ပုံငွေကို အခြေခံဝန်ဆောင်မှုများ ရရှိမှုနည်းပါးပြီး ကိုယ်တိုင်ရပ်တည်နိုင်စွမ်းနည်းပါးသည့်လူဦးရေအတွက် ပေးရန်ရည်ရွယ်သည်။ ရန်ပုံငွေကြောင့် အခြေခံဝန်ဆောင်မှုများရရှိလာမည်ဖြစ်ပြီး အစိုးရလက် လှမ်းမမီသည့်နေရာများနှင့် အရည်အသွေးနိမ့်ပါးစွာရရှိနေသည့် တိုက်ပွဲဖြစ်ရာဒေသများပေါ်တွင် အာရုံစိုက်ဆောင်ရွက်မည်ဖြစ်သည်။

ကျန်းမာရေးစနစ် ခိုင်မာတောင်းတင်းမှုရှိစေရန်လည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

The Access to Health Fund အဖွဲ့မှ ငှက်ဖျား ၊ HIV နှင့် တီဘီရောဂါများအတွက်လည်း ပံ့ပိုးပေးမည်ဖြစ်သလို မိခင်နှင့် ကျန်းမာရေးအတွက်လည်း ပံ့ပိုးပေးမည်ဖြစ်သည်။လူအရင်းအမြစ်ရင်းနှီးမြှုပ်နှံမှုများ၊ အခြေခံအဆောက်အဦးနှင့် စီမံခန့်ခွဲမှုစနစ်များမှတဆင့် မြန်မာ့ကျန်းမာရေးစနစ်ကို ပံ့ပိုးပေးရန်အတွက် အရင်းအမြစ်များလည်း ခွဲဝေချထားပေးမည်ဖြစ်သည်။

အစိုးရသည် ကျန်းမာရေးအတွက် စုစုပေါင်းဘတ်ဂျက်ငွေ၏ ၃.၆၅ ရာခိုင်နှုန်းကို ယခုအခါ ချထားပေးခဲ့သည်။