ICT ကဏ္ဍဖွံ့ဖြိုးဖို့ဆောင်ရွက်နေတဲ့လူငယ်တွေကို အားပေးချင်တဲ့ စွန့်ဦးနည်းပညာလုပ်ငန်းရှင်

Myanmar Times, 07 Dec 2018
URL: https://www.mmtimes.com/news/embrace-technology-better-tomorrow-says-technopreneur.html
ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ရေစီးက အရှိန်အဟုန်နဲ့ စီးဆင်းနေပြီး သမားရိုးကျလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပါတယ်။
ဒီစီးမျောမှုမှာ မြန်မာနိုင်ငံအနေနဲ့လည်း လိုက်လျောညီ ထွေလိုက်ပါပြောင်းလဲနိုင်ဖို့ အရေးကြီးလှပါတယ်။ စွန့်ဦးနည်းပညာ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ထွန်းသူရသက်က မြန်မာနိုင်ငံက နည်းပ ညာအပါ အဝင် စီးပွားရေးကဏ္ဍအသီးသီးမှာ တိုးတက်မှုရှိ အောင် ဆန်းသစ်တီထွင်ပြောင်းလဲမှု (innovation) ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာထွန်းသူရသက်ဟာ ၁၉၉၇ ခုနှစ်မှာ Myanmar Information Technology (MIT) နည်းပညာကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး နိုင်ငံရဲ့ နည်းပညာလုပ်ငန်းနယ်ပယ်ကို အစောဆုံး ဝင်ရောက် လုပ် ကိုင်ခဲ့သူတွေအနက် တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ လက်ရှိမှာတော့ MIT ကုမ္ပဏီဟာ မြန်မာနဲ့ စင်ကာပူမှာ ရုံးခွဲပေါင်းငါးခုဖွင့်လှစ်ပြီး နည်းပညာလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိပါတယ်။
လက်ရှိမှာ ဒေါက်တာထွန်းသူရသက်ဟာ MIT ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ဆောင်ရွက် နေပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှာ တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင် ဆောင်ရွက်နေပါတယ်။ ဒါ့ပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီတို့မှာလည်း ပါဝင်ဆောင် ရွက်နေ သူတစ်ဦးဖြစ်ပါတယ်။ အနာဂတ် စမတ်ဖုန်းကဏ္ဍကိုပုံ ဖော်မယ့် ဟွာဝေးရဲ့ ရည်ရွယ်ချက်ကို ကိုယ်စားပြုဖော်ဆောင်နေတဲ့ Huawei Future Shapers Program မှာလည်း ဒေါက်တာထွန်းသူရသက်ကို စံပြုပု ဂ္ဂိုလ်တစ်ဦးအနေနဲ့ ရွေးချယ်ထားပါတယ်။
ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee) ဟာ နိုင်ငံတော် အစိုးရအဆင့်ကော်မတီတစ်ရပ်ဖြစ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေးကို ပုံဖော်ဆောင်ရွက်လျက်ရှိ တဲ့ အစိုးရ-ပုဂ္ဂလိကပူး ပေါင်းဆောင်ရွက်မှုကော်မတီတစ်ခုဖြစ်ပါတယ်။ ကော်မတီက လက်ရှိမှာ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးမှုကို အ ထောက်အကူဖြစ်စေမယ့် လုပ်ငန်းစဉ်တွေကို အဓိကအကောင်အထည် ဖော်နေတယ်လို့သူက ဆိုပါတယ်။
"Digital Economy (ဒစ်ဂျစ်တယ်စီးပွားရေး) ကို တချို့က ဒစ်ဂျစ်တယ်ကုန်သွယ်မှု၊ e – commerce လို့ ပြောကြတယ်။ ဒါတွေလည်း ပါတဲ့အပြင် e- government ၊ e- community တွေလည်းပါတယ်။ ဒါတွေ အပြင် အရေးကြီးတဲ့ ကဏ္ဍတစ် ခုကတော့ စတုတ္ထမြောက်စက်မှုတော်လှန်ရေးပေါ့။ ဒါတွေကို ကိုယ့်နိုင်ငံမှာ ဖြစ်မြောက်အောင်လုပ်ဖို့က Digital Economy Road Map (လမ်းပြမြေပုံ) လိုပါတယ်။ ကော်မ တီတာဝန်က ဒါတွေဖြစ်လာအောင်လုပ်ဖို့ပါ" လို့ သူက ဆိုပါ တယ်။
Digital Economy ဆိုတာက နည်းပညာသီးခြားကဏ္ဍတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်စီးပွားရေးကဏ္ဍအလိုက် တိုးတက်မှုရှိ အောင် Innovation (ဆန်းသစ်ပြောင်းလဲခြင်း) လုပ်တာဟာ Digital Economy ပါပဲလို့ လည်း ဒေါက်တာထွန်းသူရသက်က ပြောပါ တယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးကို ကိုယ်က ဘယ်လိုမျိုးနည်းပညာသုံးမလဲ၊ စက်ယန္တရားတွေ သုံးတာပြောတာမဟုတ်ဘဲ AI ၊ IoT နဲ့ Blockchain တို့လို နည်းပညာတွေကို သုံးပြီးတော့ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်ကို ဘယ်လိုမျိုးတိုးတက်အောင် လုပ်မလဲ။ နည်းပညာလုပ်ငန်းနယ်ပယ် တစ်ခုတည်းပြောနေတာ မဟုတ်ဘဲ စီးပွားရေးကဏ္ဍတွေ အားလုံးအတွက် ဖြစ်ပါတယ်" လို့ ဆိုပါ တယ်။
ဒုသမ္မတဦးဆောင်ပြီး စီမံဘဏ္ဍာ၊ ဆက်သွယ်ရေး စတဲ့ အစိုးရပိုင်းဝန်ကြီးဌာနတွေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဗဟိုဘဏ်တို့ပါဝင်တဲ့ ကော်မတီဟာ ပုံမှန်ဝန်ကြီးဌာနတစ်ခုအနေနဲ့ လုပ်လို့မရတဲ့ Policy Making (မူဝါဒဖော်ဆောင်ခြင်း) တွေ ပိုလုပ်လို့ရမှာဖြစ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး စနစ် ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာရေးဆွဲမှု လုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဒေါက်တာထွန်းသူရသက်က ပြောပါတယ်။
"Digital Economy ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာ (Strategy Framework) နဲ့ လမ်းပြမြေပုံ (Road Map) ကို ရတဲ့အခါမှာ တကယ်ဆောင်ရွက်ရမယ့် အရာတွေ (Action Plan) တွေပါလာမယ်။ မဟာဗျူဟာမှာ Digital Economy ဖွံ့ဖြိုးဖို့အတွက် အခြေခံအချက်တွေလိုတယ်။ တစ်ခုက ပညာရေးအပိုင်း - Digital Skill and Inclusion ပါ။ နောက်တစ်ခုကDigital Connectivity - Networks တွေ 3G , 4G တွေပါ။ ပြီးရင် Digital Security အရေးကြီးတယ်။ Digital government တို့လိုမျိုး Digital Transformation တွေလိုတယ်။ Digital Economy ဖွံ့ဖြိုးဖို့အတွက် ဌာနတွေနဲ့ဆိုင်တဲ့ Crosscutting Regulations and Policies တွေ ပြောင်းဖို့ပြင်ဖို့ လိုတယ်။ အားလုံးထဲမှာ အရေးကြီးတာက Digital Innovation ပဲ။ ဒါတွေဟာ Digital Economy ရဲ့ Strategy Framework ရဲ့ အခြေခံမူတွေပဲ" လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဒစ်ဂျစ်တယ် စီးပွားရေးအခြေအနေက တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် နောက်ကျကျန်နေခဲ့ပေမဲ့ အားသာချက်ရှိ တဲ့အပိုင်းတွေလည်းရှိနေပါတယ်။ နိုင်ငံရဲ့လူဦးရေကို မိုဘိုင်းဖုန်းလွှမ်း ခြုံမှုက မြင့်ပြီး ဒါက အရမ်းအရေးကြီးတဲ့ ပထမခြေလှမ်းပါ ပဲလို့ ဒေါက်တာထွန်းသူရသက်က ပြောပါတယ်။
"ဒါကို အားပြုပြီးတော့ Innovation တွေ လုပ်နိုင်ပြီဆိုရင်တော့ နောက်တစ်ဆင့် ထပ်တက်မှာပေါ့။ ဒါတွေ ဖြစ်နေတဲ့အချိန်မှာ တစ်ဖက်ကလည်း နိုင်ငံတော်ဘက်မှာ Strategy Framework ရှိဖို့လိုတယ်။ ဗီယက်နမ်တို့ဆိုရင် ရှေ့ကို တော်တော်ရောက်နေပြီ။ သူတို့ကို လိုက်မီဖို့ ကိုယ့်မှာလည်း Strategy ကောင်းကောင်း ရှိဖို့လိုတယ်" လို့ဆိုပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးစတဲ့ ကဏ္ဍအားလုံးမှာ နည်းပညာတွေသုံးဖို့ လိုနေပြီ။ ကဏ္ဍတွေအားလုံးကို နည်းပညာနဲ့ ပြောင်းလဲဖို့က ပထမဦးစားပေးဖြစ်ရမယ်။ မဟုတ်ရင် ကျွန်တော်တို့ ကျန်ခဲ့မယ်။ နောက်တစ်ခုက ဖြည်းဖြည်းလုပ်နေလို့မရ တော့ဘူး။
ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးလာဖို့အတွက် အွန်လိုင်းငွေပေးချေစနစ် (online payment) ဖွံ့ဖြိုးလာဖို့ကလည်း အဓိကကျပြီး ပစ္စည်းတွေပို့ဆောင်ရာမှာ မြန်မြန်ပို့ဆောင်နိုင်ဖို့၊ ကုန်ကျစရိတ်ကျဆင်းဖို့တွေ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ မြန်မြန် ဆန်ဆန် လည်ပတ်ဆောင်ရွက်နိုင်အောင် ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ပြုပြင်ရမယ့် စိန်ခေါ်မှုတွေလည်းရှိနေတယ်လို့ ဒေါက်တာထွန်းသူရသက်က ပြောပါတယ်။
"ကျွန်တော်တို့အားလုံးကို ခုန်ပျံကျော်လွှား (Quantum Leap) ရယူပြီးတော့မှပဲ မီတော့မှာ။ ကျွန်တော်တို့ဆီမှာ လယ်သမားတွေက လယ်ကွက်တွေကို လူအင်အား၊ တိရစ္ဆာန်အင်အားနဲ့သုံးပြီး လုပ်နေတုန်းပဲ။ စက်ယန္တရားတောင် သိပ်မသုံးနိုင်သေးဘူး။ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ပညာရေးစတဲ့ ကဏ္ဍအားလုံးမှာ နည်းပညာတွေသုံးဖို့ လိုနေပြီ။ ကဏ္ဍတွေ အားလုံးကို နည်းပညာနဲ့ ပြောင်းလဲဖို့က ပထမဦးစားပေး ဖြစ်ရမယ်။ မဟုတ်ရင် ကျွန်တော်တို့ ကျန်ခဲ့မယ်။ နောက်တစ်ခုက ဖြည်းဖြည်းလုပ်နေလို့မရတော့ဘူး။ မြန်မြန်လုပ်ကြရတော့မယ်" လို့ သူက ပြောပါတယ်။
ဒါကြောင့် Digital Technologies ကို ကဏ္ဍအားလုံးအတွက် ပြောင်းလဲပေး နိုင်မယ့် အဓိကကျတဲ့ သော့ချက်တစ်ခုအနေနဲ့ ကြည့်စေချင်တယ်လို့ သူကဆိုပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ Digital Technologies ကဏ္ဍမှာတိုးတက်ဖို့ အလားအလာကောင်းတွေ အများကြီးရှိသေးတာကြောင့် လူငယ်တွေအနေနဲ့လည်း စိတ်ကူးစိတ်သန်းအသစ် တွေနဲ့ တီထွင်ဆောင်ရွက် ကြဖို့လည်း ဒေါက်တာထွန်းသူရသက်က တိုက်တွန်းခဲ့ပါတယ်။
"လူငယ်တွေအနေနဲ့တော့ ဒီကဏ္ဍမှာ သူများနိုင်ငံက အိုင်ဒီယာတွေယူလာပြီး ပိုကောင်းအောင် လုပ်နေရုံနဲ့မရဘဲ ကိုယ်က အိုင်ဒီယာအသစ်တွေကို တကယ် Innovation လုပ်နိုင်ဖို့ လိုတယ်။ Digital Technologies ကဏ္ဍက ကဏ္ဍတွေအားလုံးထဲမှာ တိုးတက်မှုအမြန်ဆုံးကဏ္ဍတစ်ခုဖြစ်တယ်။ ဆိုလိုချင်တာက အရွေးမမှားဘူးပေါ့။ လူငယ်တွေကို အားပေးချင်တာက ဒီကဏ္ဍဟာ တိုးတက်ဖို့အတွက် အလားအလာတွေအများကြီးရှိတယ်။ မေးခွန်းတစ်ခုရှိတာက ကိုယ်က ဒီဈေးကွက်မှာ အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာ အရေးကြီးပါတယ်။ ကိုယ်စီးပွားရေးရဲ့ ဦးတည်ချက်၊ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ကို သေချာသိဖို့နဲ့ ရောက်အောင် သွားဖို့လိုတယ်" လို့ သူကပြောပါတယ်။
မယ့် စတုတ္ထမြောက် စက်မှုတော်လှန်ရေးမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခန်းကဏ္ဍကို ဘယ်လိုကမ္ပည်းတင်ချင်သလဲဆိုတာကို စဉ်းစားရတော့မယ့် အချိန်ကိုရောက်နေပြီး နည်းပညာအထောက်အပံ့နဲ့ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ တိုးတက်ပြောင်း လဲနိုင်မယ့်အခြေအနေကို အာရုံစိုက်ဖို့ လိုတယ်လို့ ဒေါက်တာထွန်းသူရသက်က ပြောပါတယ်။