ကျွန်းသစ်စိုက်ပျိုးမှု ပိုမိုများပြားလာစေရန်အတွက် ပြည်ပသို့ သစ်တင်ပို့ခွင့်ပြုမည်

...

ကျွန်းသစ်စိုက်ပျိုးမှု ပိုမိုများပြားလာစေရန်အတွက် ပြည်ပသို့ သစ်တင်ပို့ခွင့်ပြုမည်

Myanmar Times,, 11 Dec 2018

URL: https://www.mmtimes.com/news/log-exports-be-permitted-lure-timber-plantations.html
သဘာဝသံယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဌာနသည် ပုဂ္ဂလိကသစ်ပင်စိုက်ပျိုးမှုများမှထွက်ရှိလာသည့်သစ်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုရန် စီစဉ်နေသည်ဟု သစ်တောဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးတင်ထွန်းက Myanmar Times သို့ ပြောခဲ့သည်။

ပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့် သစ်တောပြုန်းတီးခြင်းကို တားဆီးရန်အတွက် မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် ဧပြီလတွင် သစ်နှင့်ကျွန်းသစ်ကုန်ကြမ်းအား ပြည်ပသို့တင်ပို့ခြင်းကို တားမြစ်ခဲ့ပြီး လွန်ခဲ့သောနှစ်အနည်းငယ်ကပင် ပို့ကုန်ဝင်ငွေ၌ သိသိသာသာကျဆင်းလာနေသည်။

ယခုနှစ် ဇူလိုင်လတွင် အစိုးရသည် သစ်စက်များကဲ့သို့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှစိုက်ပျိုးထားသည့် သစ်များကို ပြည်ပသို့တင်ပို့ခွင့်ပြုရန် အဆိုပြုခဲ့သည်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပုဂ္ဂလိကသစ်စိုက်ပျိုးရေးတွေမှာ ရင်းနှီးမြှုပ်နှုံမှုတွေရှိလာအောင် ဆွဲဆောင်ဖို့ပါပဲ။ ပြည်ပပို့ခွင့်ပြုခြင်းဖြင့် ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသူတွေပါလာအောင် တွန်းအားပေးနိုင်ပါတယ် ဟု ဦးတင်ထွန်းကပြောသည်။

သစ်တောဌာနသည် သဘာဝသံယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံသို့ ၎င်းတို့၏ အစီအစဉ်ကို တင်သွင်းထားနှင့်ပြီဖြစ်ပြီး ယခုအခါ ကိုယ်ပိုင်သစ် တရားဝင် တင်ပို့မှုဖြစ်စေရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကသစ်တောဧရိယာတွင် ကျွန်းသစ်၊ သစ်မာနှင့်စက်မှုသီးနှံစိုက်ခင်းများ ပါဝင်သည်။ အချို့သော ပုဂ္ဂလိကသစ်စိုက်ခင်း ၃၀၀ တွင် ပုဂ္ဂလိကသစ်တောဧက ၂၅၀၀၀၀ ကျော် ထုတ်လုပ်ရန် ခွင့်ပြုပေးခဲ့သည်။ ယခုနှစ် မတ်လတွင် ဧက ၁၄၀၀၀၀ ကျော် ဆက်လက်ထုတ်လုပ်မည်ဖြစ်ကြောင်း သစ်တောဌာန၏ အဆိုအရသိရသည်။

၂၀၁၅ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို ကျွန်းသစ်စိုက်ပျိုးရန်အတွက် ပုဂ္ဂလိကသစ်တော ၅၀၀ဧကပေါ်တွင် စီးပွားဖြစ်ကျွန်းသစ်စိုက်ခင်းများ စိုက်ကြရန်နှင့် စက်မှုစိုက်ခင်းအတွက် ဧက ၂၀၀ နှင့် သစ်မာစိုက်ပျိုးရန်အတွက် ဧက ၁၀၀ ခွင့်ပြုပေးခဲ့သည်။

ထိုမှစ၍ သစ်တောဦးစီးဌာနသည် ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ကိုယ်ပိုင်သစ်တောများပေါ်၌ ဧက ၁၀၀၀ ကျော်စိုက်ပျိုးကြရန် ခွင့်ပြုပေးခဲ့သည်။

ယခုတွင် အကြီးအကျယ်စိုက်ပျိုးရာ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၆ ခု ရှိနေပြီဖြစ်သည်။