အစိုးရမှ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးစင်တာသစ်များ ဖွင့်လှစ်မည်

...

အစိုးရမှ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးစင်တာသစ်များ ဖွင့်လှစ်မည်

Myanmar Times, 16 Jan 2019

URL: https://www.mmtimes.com/news/govt-open-new-drug-rehab-centres.html
အစိုးရသည် လာမည့်နှစ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် တည်ရှိပြီးသားပြန်လည်ထူထောင်ရေးစခန်းများကို ပြန်လည်မွမ်းမံမည်ဖြစ်ပြီး စင်တာသစ်များကိုလည်း တည်ဆောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်အခြေချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးထွန်းဇော်က စည်းမျဉ်းစည်းကမ်းသစ်များအောက်၌ မူးယစ် ဆေးဝါးသုံးစွဲသူများကို အကျဉ်းချမည့်အစား နိုင်ငံ၏ မူးယစ်ဆေးဝါးသုံးစွဲသူများပြန်လည်ထူထောင်ရေးစင်တာများသို့ ပို့မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုဌာနအား မူးယစ်အကြမ်းဖက်သူများကို ပြန်လည်ထူထောင်ပေးဖို့ ကြီးကြပ်ရန်အတွက် ယမန်နှစ်အစောပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ပဲခူးတိုင်း ပြည်မြို့မှာရှိတဲ့ ရွှေပြည်သာလူငယ်ပြုပြင်ရေးစင်တာနဲ့ ရှမ်းပြည်ဖယ်ခုံမှာရှိတဲ့ ရွှေပြည်လူငယ်ပြုပြင်ရေးစင်တာတွေက အရင်က မူးယစ်ဆေးဝါးအကြမ်းဖက်ထိန်းချုပ်ရေးဗဟိုကော်မတီအောက် မှာရှိပါတယ်၊ အခုဒီစင်တာတွေကို လူကယ်ပြန်ဝန်ကြီဌာနလက်အောက်ကို လွှဲပြောင်းပေးနေပြီဖြစ်ပြီး ပြန်လည်ထူထောင်ရေးအလုပ်တွေ စတင်လုပ်ဆောင်တော့မှာပါ။ ကျွန်တော်တို့ဌာနက ဝန်ထမ်းတွေ၊ သင်တွေဝန်းတွေနဲ့ စင်တာသစ်တွေ ဆောက်လုပ်ဖို့အတွက် ဘတ်ဂျက်ရရှိဖို့ ကြိုးစားနေပါတယ် ”ဟု ၎င်းက ပြောခဲ့သည်။

လက်ရှိ၌ မူးယစ်ဆေးပြန်လည်ထူထောင်ကုသရေးစင်တာများကို ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ တာချီလိတ်း မြဝတီနှင့် ကော့သောင်းမြို့တို့တွင် တည်ထောင်ထားရှိသည်။