သမ္မတမှ ကယားပြည်နယ်တွင် မဏ္ဍိုင်သုံးရပ်နှင့် တွေ့ဆုံ

...

သမ္မတမှ ကယားပြည်နယ်တွင် မဏ္ဍိုင်သုံးရပ်နှင့် တွေ့ဆုံ

The Global New Light of Myanmar, 17 Jan 2019

URL: http://www.globalnewlightofmyanmar.com/president-meets-with-three-pillars-of-democracy-in-kayah-state/
သမ္မတဦးဝင်းမြင့်သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့်တရားစီရင်ရေးစသည့် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများနှင့် လွိုင်ကော်မြို့နယ်တွင် ယမန်နေ့နံနက်၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြု လုပ်ခဲ့သည်။

အောင်မြင်သောအပြောင်းအလဲပြုလုပ်ရာတွင် ဌာနတိုင်းမှလူတိုင်းလူတိုင်းသည် လက်တွဲ၍ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျွန်ုပ်တို့၏အ မူအကျင့်ဟောင်းများကို ပြောင်းလဲပစ်ရန်လိုကြောင်း၊ အပြောင်းအလဲကို အကောင်းအထည်ဖော်သည့်အခါ ကျွန်ုပ်တို့မည်မျှပြောင်းလဲရမည်ဆိုသည်ကို တိုင်းတာဖို့လိုအပ်ကြောင်း၊ကျွန်ုပ်တို့ကိုယ် တိုင်ပြောင်းလဲမှုအောင်မြင်လာသောအခါအခြားသူများကိုလည်းပြောင်းလဲပေးနိုင်ကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာခေါင်းဆောင်များသည် ၎င်းတို့လက်အောက်ရှိဝန်ထမ်းများ၏စိတ်ဓာတ်များကို ပြောင်းလဲပေးရန် လမ်းညွှန်သမှုပြုပေးဖို့ လိုအပ်ကြောင်း၊ အပြောင်းအလဲကို ကြောက်ရွံ့နေရန် မလိုကြောင်း၊ လူတိုင်းမှ တက်ကြွစွာပူးပေါင်းပါဝင်နိုင်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

တရားစီရင်ရေးမဏ္ဍိုင်သည် ဒီမိုကရေစီအတွက် အရေးပါသည့်မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ထိုမဏ္ဍိုင်အား ဥပဒေဆိုင်ရာစံနှုန်းနှင့်တည့်မတ်အောင်လုပ်ဆောင်နိုင်ကြောင်း၊ နိုင်ငံရဲ့တရားဥပဒေသည် အောင် မြင်စွာရပ်တည်နိုင်ကြောင်း သမ္မတကပြောကြားခဲ့သည်။ တရားဥပဒေမဏ္ဍိုင်တွင်လုပ်ဆောင်နေသူများသည် တရားဥပဒေစနစ်နှင့်ပတ်သက်၍ ဥပဒေကိုလေ့လာသင့်ကြောင်း အဘယ့်ကြောင့်ဆိုသော် တရားမဏ္ဍိုင်မှန်ကန်သောအခါမှ နိုင်ငံသည် တရားမျှတမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရအရာရှိများအား ၎င်းတို့ထက် ပြည်သူလူထုရင်ဆိုင်နေရသည့်ပြဿနာများကို အရင်ဦးစားပေး ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး ပြည်ထောင်စုမူဝါဒများကို အကောင်အထည်ဖော်ရာတွင် တက်ကြွစွာပူးပေါင်းပါဝင်ကြရန် တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။

ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးလားဖော်ရှိုသည် ကယားပြည်နယ်အစိုးရ လုပ်ဆောင်နေသည့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုများအကြောင်းကို အစီရင်ခံခဲ့သည်။