ဝန်ကြီးဌာနများတွင် အကျင့်ပျက်ခြစားမှုကာကွယ်တားဆီးရေးယူနစ်များ ထားရှိမည်

...

ဝန်ကြီးဌာနများတွင် အကျင့်ပျက်ခြစားမှုကာကွယ်တားဆီးရေးယူနစ်များ ထားရှိမည်

The Global New Light of Myanmar, 20 Jan 2019

URL: http://www.globalnewlightofmyanmar.com/corruption-prevention-units-to-be-formed-at-ministries/
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်- UNDP သည် ဝန်ကြီးဌာန ၁၃ ခုတွင် အကျင့်ပျက်ခြစားမှုကာကွယ်တားဆီးရေးယူနစ်- CPU ကို ဖွဲ့စည်းထားရှိဖို့ ပြင်ဆင် ရေးအတွက် နေပြည်တော်တွင် ယမန်နေ့က အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအား ကော်မရှင်မှ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာန ၁၃ ခုမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ကော်မရှင်ရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်အတွင်းရေးမှူးဦးစန်းဝင်းက ဥပဒေဆိုင်ရာအချက်ရှု့ထောင့်များဖြင့် CPUs များ ဖွဲ့စည်းခြင်းကို ဆွေးနွေးခဲ့သည်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက CPUs တာဝန်များကို ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက အဂတိဆိုင်ရာဖြစ်နိုင်ဖွယ်အန္တရယ်များအပေါ် သုံးသပ်တင်ပြခဲ့ကာ UNDP မှ Mr. Philliat Matsheza က အဂတိတားဆီးကာကွယ်ရေးကို ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုနောက်ဆက်တွဲအရ ဆွေးနွေးပွဲတက်ရောက်သူများမှ မေးခွန်းများ မေးမြန်းခဲ့ပြီး ဥက္ကဌ၊အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

ဆွေးနွေးဖွဲတွင် CPU ဆိုင်ရာတာဝန် ၃ ရပ် ချမှတ်ခဲ့သည်- ယင်းတို့မှာ အဂတိကို စိစစ်လေ့လာရန်၊ အဂတိပြဿနာကို ဖြေရှင်းရန်နှင့် အစိုးရဝန်ထမ်းများမှ အဂတိကို တားဆီးကာကွယ်ရန် တို့ ဖြစ်သည်။

ကော်မရှင်မှ CPU တွင် လုပ်ကိုင်ရန်အတွက် ဖေဖော်ဝါရီလ ပထမအပတ်တွင် ဝန်ကြီးဌာနတစ်ခုစီမှ ဝန်ထမ်း လေးဦးမှ ဆယ်ဦးအတွင်းကို သင်တန်းပေးမည်ဖြစ်သည်။