တပ်မတော်မှ ကန့်ကွက်ခဲ့သော်လည်း ဖွဲ့စည်းပုံပြောင်းရန်အဆိုကို လွှတ်တော်က အတည်ပြု

...

တပ်မတော်မှ ကန့်ကွက်ခဲ့သော်လည်း ဖွဲ့စည်းပုံပြောင်းရန်အဆိုကို လွှတ်တော်က အတည်ပြု

The Global New Light of Myanmar, 29 Jan 2019

URL: https://www.mmtimes.com/news/parliament-approves-charter-change-proposal-despite-military-rejection.html
တပ်မတော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော်လည်း ပြည်ထောင်စုလွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်အတွက် အရေးပေါ်တင်သွင်းလာသည့်အဆိုကို အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား(NLD) အမျိုးသားလွှတ်တော်အမတ်ဦးအောင်ကြည်ညွန့်က အရေးပေါ်အဆိုပြုလွှာ တင်သွင်းလာခဲ့ခြင်းဖြစ်သည်။

အဆိုပြုလွှာသည် ဖွဲ့စည်းပုံပြင်ဆင်ခြင်းလုပ်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ရန်အတွက် လွှတ်တော်တွင် ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ အဆိုပြုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

အဆိုပြုလွှာအား ပြည်ထောင်စုလွှတ်တော်ဥက္ကဌဦးခွန်တီမြတ်က ဆုံးဖြတ်ချက်မပြုလုပ်မီ ဗိုလ်မှူးချုပ်မောင်မောင်က ထိအဆိုပြုလွှာသည် လွှတ်တော်၏လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ကာတင်သွင်းခြင်းဖြစ်ကြောင်း မတ်တပ်ရပ်ကာ အခိုင်အမာကန့်ကွက်ခဲ့သည်။

၎င်းမှ အဆိုပြုလွှာကို လွှတ်တော်တွင် မဲဖြင့် အတည်မပြုသင့်ကြောင်း ပြောခဲ့သည်။ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အားလုံးသည် မတ်တပ်ရပ်ကာ အဆိုပြုချက်ကို ကန့်ကွက်ကြောင်းပြသခဲ့သည်။

ဦးခွန်တီမြတ်က တပ်မတော်ကိုယ်စားလှယ်များကို မေတ္တာရပ်ခံခဲ့ပြီး လွှတ်တော်အား ရိုသေသမှုပြုပေးရန်အတွက် ထိုင်ကြရန် ပြောကြားခဲ့သည်။

အဆိုပြုချက်ကို လွှတ်တော်တက်ရောက်သူ ၆၀၁ ဦးတွင် ၃၆၉ ဦးက အတည်ပြုခဲ့ပြီး ကန့်ကွက်မဲ ၁၇ ခုနှင့် ကြားနေမဲ ၃ ခု ရရှိခဲ့သည်။ တပ်မတော်ကိုယ်စားလှယ်များက မဲပေးစနစ်ကို သပိတ်မှောက်ခဲ့သည်။
အဆိုပြုချက်ကို သောကြာနေ့တွင် ဆွေးနွေးရန် အချိန်သတ်မှတ်ခဲ့သည်။