ငဝန်တံတား (လေးမျက်နှာ) ဖွင့်လှစ်

...

ငဝန်တံတား (လေးမျက်နှာ) ဖွင့်လှစ်

The Global New Light of Myanmar, 03 Feb 2019

URL: http://www.globalnewlightofmyanmar.com/nga-wun-bridge-laymyethna-inaugurated/
ရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ရှိ ငဝန်(လေးမျက်နှာ)တံတားကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။ ဤငဝန်တံတားသည် ဟင်္သာတ-တလုထော-လေးမျက်နှာ-ခတ္ထူ-ပန်းတော်ကြီး လမ်းမကြီးရှိ ငဝန်မြစ် ပေါ်တွင် တည်ရှိသည်။

တံတားအား ဆောက်လုပ်ရေးဝန်ကြီးလက်အောက်ရှိ တံတား ဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၄)၊လမ်းအထူးအဖွဲ့(၁၆)မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားအရှည်မှာ ၁၉၆၈.၆ ပေရှည်လျားပြီး အကျယ်မှာ ၂၄ ပေရှိပြီး တံတားဘေး တစ်ဖက်တစ်ချက် လူသွားလမ်း ၂ ပေ အကျယ် ပါရှိသည်။

တံတားအမျိုးအစားမှာ အောက်ခံအုတ်မြစ်(၁.၂) (၁.၂)m Bored Pile၊ တံတားကိုယ်ထည် R.C Concrete၊ ရေလမ်းကင်းလွတ်အမြင့်ပေ ၂၀ ၊ ရေလမ်းကင်းလွတ်အမြင့်ကျယ် ၁၇၃ ပေ ၊ တံတားခံနိုင်ဝန်ယာဉ် တစ်စီးချင်း ၇၅ တန် ဖြစ်သည်။

အဆိုပါတံတား တည်ဆောက်ခြင်းဖြင့် ခတ္ထူ-ပန်းတော်ကြီးလမ်းတစ်လျှောက်နှင့် လေးမျက်နှာမြို့ရှိ အနောက်ဘက်ခြမ်းဒေသရှိ ကျေးရွာအုပ်စု ၂၂ အုပ်စု ကျေးရွာပေါင်း ၁၄၁ ရွာ ပြည်သူပေါင်း ၆၂၃၂၈ ဦးကို ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်များဖြစ်သော ဆန်၊ စပါး၊ ကောက်ပဲသီးနှံများနှင့် ချောင်းကျောက်၊ ချောင်းသဲ၊ ချောင်း ကျောက်စလစ်နှင့် အုတ်စသည့် တည်ဆောက်ရေးပစ္စည်းများ မြို့နယ်အ သီးသီးသို့ တံတားကြီးကို အသုံးပြု ဖြတ်သန်း၍ သွားရောက်ရောင်းဝယ်နိုင်ကြတော့မည်ဖြစ်သလို လေးမျက်နှာမြို့ အရှေ့ဘက်ခြမ်းရှိ ရပ်ကွက်ကြီး(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၁ စု၊ ကျေးရွာပေါင်း ၁၄၃ ရွာမှ ပြည်သူ ၄၇၄၁၉ ဦး တို့မှာလည်း ငဝန်မြစ်အနောက်ဘက်ခြမ်းရှိ မိမိတို့၏ ဆွေမျိုးမိတ်သင်္ဂဟများထံ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်သည်။