၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲနိုင်ရေးရည်မှန်းပြီး ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

...

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲနိုင်ရေးရည်မှန်းပြီး ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

Eleven Myanmar, 04 Feb 2019

URL: https://elevenmyanmar.com/news/yangon-region-will-have-full-electricity-capacity-in-2020-21-fy-minister
၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲနိုင်ရေး ရည်မှန်းပြီး ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။ အဆိုပါကိစ္စအား ဖေဖော် ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ပြုလုပ်သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များ သို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ် တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုး တက်ကောင်းမွန်စေရေးတို့အတွက် ဝန်အားပြည့် ဓာတ်အားခွဲရုံ များ အဆင့်မြှင့်တင်ခြင်းနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်း အစီအစဉ်များနှင့်ပတ်သက်သည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ထို့ပြင် တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၅၈၆ မဂ္ဂါ ဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့် ဆုံးဓာတ်အားသုံးစွဲမှုမှာ ၁၅၄၃ ဒသမ ၂၃ မဂ္ဂါဝပ်ခန့်သုံး စွဲလျက် ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးရှိနေ၍ ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်ကဏ္ဍသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိကကျကြောင်း၊ ထို့ပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်း ဒေသကြီးကို Electrification Ratio ရာနှုန်းပြည့်သုံးစွဲနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့နယ်များသို့ ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံများနှင့် ဓာတ်အား လိုင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင် ရေး၊ ဓာတ်အား ပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြရန် လို ကြောင်း၊ မိမိတို့မြို့နယ်များ အလိုက်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို တင်ပြကြရန်နှင့် တင်ပြချက်များအပေါ်နည်း ပညာအရပေါင်းစပ်ပြုပြင်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ် ခြင်းဖြစ်ကြောင်း၊ ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။