အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၇၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း(၉)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

...

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၇၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း(၉)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

The Global New Light of Myanmar, 05 Feb 2019

URL: http://www.globalnewlightofmyanmar.com/myanmar-investment-commission-approves-nine-investment-proposals-which-will-create-over-5700-job-opportunities/
မြန်မာနိင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏( ၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါလုပ်ငန်းများတွင် စက္ကူပျော့ဖတ်အမျိုးမျိုးထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်း၊ Photosensitive Power ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်နှင့်ခါးပတ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ ငါး မွေးမြူရေး အေးခဲပြုပြင်ထုတ်လုပ်နှင့် ဆက်စပ်သောလုပ်ငန်း၊ ရေသတ္တဝါ အစားအစာထုတ်လုပ်ခြင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ကတ်စနစ်ဖြင့် ပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ဆိပ်ကမ်းတည် ဆောက်၍ ဓာတ်ဆီ၊ ဒီဇယ်နှင့် တင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ရုပ်ရှင်ပြသခြင်းတို့ပါဝင်သည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အ လမ်းပေါင်း ၅၇၅၃ ဦး ဖန်တီးပေးနိုင်မည့်လုပ်ငန်း ကိုးခုကို ခွင့်ပြုခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ကြသည်။