မန္တလေးတိုင်းသို့ ယူအက်စ်ဒေါ်လာ ၅.၇ ဘီလီယံခန့်ရှိသော ရင်းနှီးမြှုပ်နှံမှုများ ဝင်လာ

...

မန္တလေးတိုင်းသို့ ယူအက်စ်ဒေါ်လာ ၅.၇ ဘီလီယံခန့်ရှိသော ရင်းနှီးမြှုပ်နှံမှုများ ဝင်လာ

Mizzima, 05 Feb 2019

URL: http://mizzima.com/article/about-57-billion-us-dollars-investment-enter-mandalay-region
ဒေသကြီးရင်းနှီးမြှုပ်နှုံမကော်မတီကို ၂၀၁၇ခုနှစ်တွင် ဖွဲ့စည်းပြီးသည့်အချိန်မှစ၍ မန္တလေးတိုင်းသို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်း ၇၀ ကျော်မှ ယူအက်စ်ဒေါ်လာ ၅.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ကြောင်း ရှင်ဟွာသတင်းက ဖော်ပြခဲ့သည်။

မန္တလေးတိုင်းရှိ ထုတ်လုပ်မှု၊ခရီးသွားလာမှု၊ လျှပ်စစ်နှင့်အခြားသောဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

မန္တလေးသည် ရွှေပန်းထိုးခြင်းလုပ်ငန်းနှင့် ရိုးရာအနုပညာနှင့်လက်မှုပညာများအပါအဝင် ရှေးဟောင်းအမွေအနှစ် သုံးရာကျော်ရှိရာနေရာဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများအား ဒေသကြီး၏ ယဉ်ကျေးမှုအခြေ စိုက်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ကြားထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဇော်မြင့်မောင်က ပြောကြားခဲ့သည်။