အဂတိ အမှုဖြင့် အများဆုံး အတိုင်ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို ကော်မရှင်က သင်တန်းပေးမည်

...

အဂတိ အမှုဖြင့် အများဆုံး အတိုင်ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို ကော်မရှင်က သင်တန်းပေးမည်

The Irrawaddy, 06 Feb 2019

URL: https://www.irrawaddy.com/news/burma/anti-corruption-commission-trains-officials-problem-ministries.html
အဂတိလိုက်စားမှုကြောင့် တိုင်ကြားစာ အများဆုံးပေးပို့ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (CPU) က နည်းပညာ သင်တန်းများ ပေးပို့သွားမည်ဟု သတင်းရ ရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေးဆို ခွင့်ရှိသူ ဦးကျော်စိုးက “သူတို့ဌာနတွေက တိုင်စာတွေက လည်း အများကြီး ရောက်တယ်။ ပြည်သူနဲ့ များများ တွေ့ထိ လေ၊ လုပ်ထုံးလုပ်နည်းမှား ယွင်းတာလည်း ရှိချင်ရှိမှာပေါ့။ မှန်ကန်ပေမယ့်လည်း ပြည်သူက အလိုမကျတဲ့အခါ တိုင်စာ တွေအများကြီး ပို့တဲ့ကိစ္စတွေလည်း ရှိတာပေါ့” ဟု ပြော သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် အဂတိတားဆီးကာကွယ်ရေး အဖွဲ့ Corruption Prevention Unit (CPU )နည်းပညာ သင်တန်း အမှတ်စဉ် ၁/ ၂၀၁၉ သင်တန်း ဖွင့်ပွဲ အခမ်းအနားအပြီးတွင် အထက်ပါ အတိုင်း မီဒီယာများကို ပြောသည်။

အဂတိ အမှုဖြင့် အများဆုံး တိုင်ကြားခံရသည့် ဝန်ကြီး ဌာန ၁၄ ခုမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန် ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုရှေ့နေချုပ်ရုံး ဝန်ကြီးဌာန တို့ ဖြစ်သည်။

ကော်မရှင်သို့ တိုင်ကြားစာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုင်စာ အမှုပေါင်း ၁၀၇၄၇ အစောင်ရေရှိပြီး တိုင်ကြားစာ အရေအတွက် အများဆုံးရောက်ရှိမှုမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၂ထောင်ကျော်နှင့် မန္တလေးတိုင်း ဒေသကြီးမှာ ၁၈၃၇ စောင်ရေ ရှိကြောင်း ကော်မရှင်၏ ဝက်ဒ်ဆိုဒ်တွင် ဖော်ပြ ထားသည်။

အဂတိ လိုက်စားမှု အမြင့်ဆုံး ဖြစ်နေသည့် ဝန်ကြီးဌာန ၁၄ ခုမှာပြည်သူ လူထုနှင့် အမြဲတမ်း တွေ့ထိရသည့် ဌာနများဖြစ်ခြင်း ကြောင့် ထိုသို့ သင်တန်းပို့ချ၍ အသိပညာပေးခြင်းဖြင့် ပြည်သူလူထုနှင့် အစိုးရကြား ယုံကြည်မှု ပြန်လည်တည်ဆောက် နိုင်မည်ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။