ရခိုင်ပြည်နယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိရေး ဂျပန် ဦးဆောင်မည်

...

ရခိုင်ပြည်နယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိရေး ဂျပန် ဦးဆောင်မည်

The Irrawaddy, 08 Feb 2019

URL: https://www.irrawaddy.com/news/japan-take-leading-role-pushing-fdi-rakhine.html
ရခိုင်ပြည်နယ်တွင် ကျင်းပမည့် ရင်နှီးမြှုပ်နှံမှုပွဲတော်ကို ထောက်ခံပြီး ရခိုင်ပြည်နယ်မှ ရင်းနှီးမြှုပ်နံှမှု အခွင့်အလမ်းများကို စဉ်းစားရန် ဂျပန် ရင်းနှီးမြှုပ်နှံသူများကို အားပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အဆင်းရဲ ဆုံး ပြည်နယ်၏ စီးပွားတိုးတက်ရေးကို မြှင့်တင်ပေးမည့် ဂျပန်နိုင်ငံ၏ အစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထုတ်ဖော် ပြောကြားလိုက်သည်။

ရိုဟင်ဂျာ အကျပ်အတည်းနှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ များကြောင့် ရခိုင်ပြည်နယ်၏ ဂုဏ်သတင်း ညှိုးမှိန်နေသော် လည်းအစိုးရသည် စီးပွားရေး တိုးတက်အောင် လုပ်ဆောင် ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းရန် ရခိုင်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုများကို အပြင်းအထန် ရှာဖွေနေသည်။

ရခိုင်ပြည်နယ်သည် စီးပွားရေးအတွက် တကမ္ဘာလုံးသို့ တံခါး ဖွင့်ထားသည်ဟူသော ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုုပ် နှံမှု ကော်မရှင်နှင့် ရခိုင်ပြည်နယ် အစိုးရတို့သည် ဂျပန်နိုင်ငံ တကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (JICA)၊ ဂျပန် ပြည် ပကုန်သွယ်ရေးအဖွဲ့(JETRO)တို့နှင့် ပူးပေါင်းကာ ပထမဆုံး အကြိမ် ဂျပန်ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသည်။

ရခိုင် ရင်းနှီးမြှုပ်နှံမှုပွဲတော်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အသေးစား အလတ်စား လုပ်ငန်းများ (SME) စသည့် နယ်ပယ် ၃ ခုကို အဓိကထား လုပ်ဆောင် မည် ဖြစ်သည်။

ဂျပန်အစိုးရသည် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကို ကူညီမြှင့်တင်လိုကြောင်းနှင့် ပြည်နယ်အစိုးရနှင့် ဂျပန် ရင်းနှီး မြှုပ်နှံသူများ အကြား စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။ထိုစီမံကိန်းများတွင် စစ်တွေမြို့နယ်ရှိ ဆိပ်ကမ်းတခု၊ ကုန်သွယ်ရေးဇုန်တခု၊ လူနေတိုက်ခန်းများ၊ ဈေးဝယ်စင်တာ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းဇုန်တို့ ပါဝင်သော ကျေးတော်-မင်းဂန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြောက်ဦးတွင် လေဆိပ်သစ် တည်ဆောက်ရေး၊ သံတွဲရှိ ငပလီလေဆိပ် အဆင့်မြှင့်တင်ရေး၊ မြန်အောင်ကျွန်းတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတခု၊ စစ်တွေရှိ ပုဏ္ဏားကျွန်းတွင် စက်မှုစီမံကိန်းနှင့် မြောက်ဦးမြို့သစ် စီမံကိန်းတို့ ပါဝင်သည်။