အခြေခံ ဥပဒေ ပြင်ဆင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆို မဲခွဲ အတည်ပြုလိုက်ပြီ

...

အခြေခံ ဥပဒေ ပြင်ဆင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆို မဲခွဲ အတည်ပြုလိုက်ပြီ

The Irrawaddy, 06 Feb 2019

URL: https://www.irrawaddy.com/news/parliament-approves-committee-draft-amendments-constitution.html
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်း ကော်မတီတခု ဖွဲ့ စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မဲခွဲ ဆုံးဖြတ်ပြီးနောက် အ တည်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစု ပေါင်း ၆၂၁ ဦးတွင် ထောက်ခံသူ ၄၁၄ ဦး၊ ကန့်ကွက်သူ ၁၉၁ ဦး၊ ကြား နေသူ ၆ ဦးရှိကြောင်း သိရသည်။

အရေးကြီးအဆိုကို ထောက်ခံသူများသဖြင့် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပြီး ပူးပေါင်း ကော်မတီဖွဲ့စည်း ရေးကို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့တွင် ရှိသည့် ပါတီ အဖွဲ့အစည်းများ၊ တပ်မ တော်သား အစုအဖွဲ့ အသီးသီးက ကိုယ်စားလှယ် အချိုးအစားအလိုက် ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း လွှတ်တော် နာယက ဖြစ်သူ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

မနေ့က ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့ စည်းပုံ ပြင်ဆင်ရာတွင် ပူးပေါင်းကော်မတီ ဖွဲ့ စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို အာဏာရ NLD ပါတီ၊ အတိုက်အခံ ကြံ့ခိုင် ရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ အကြား အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး တပ်မတော် ကမူ ဝင်ရောက်ဆွေးနွေးမှု မပြုခဲ့ပါ။

တပ်မတော်က ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအတွက် ကော်မတီအရင် မဖွဲ့ ဘဲ မည်သည့်အချက်များကို ပြင်ဆင်လိုကြောင်း ဥပဒေ ကြမ်း တခု အရင်တင်ပြီးမှသာ ကော်မတီ၊ ကော်မရှင်များကို ဖွဲ့ စည်းရန် ဆန္ဒရှိနေ ခြင်း ဖြစ်သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိသဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရည်အတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့ အစည်း ဖြစ်သည်။