မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အတူတွဲတွေ့ရန် အဆိုပြုချက် အစိုးရလက်ခံ

...

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အတူတွဲတွေ့ရန် အဆိုပြုချက် အစိုးရလက်ခံ

The Irrawaddy, 05 Feb 2019

URL: https://www.irrawaddy.com/news/burma/government-agrees-meet-northern-alliance-group.html
အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရာတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွ့ဲကို အတူတွဲတွေ့ရန် အစိုးရဘက်မှ လက်ခံလိုက်ပြီဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။

PCG သည် အစိုးရ၊ တပ်မတော်တို့နှင့် ကချင်လွတ်လပ်ရေးတပ် မတော် (KIA) တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်မြောက်ရေးအ တွက် ကြားဝင်ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်သည်။

ဦးဆန်အောင်က “ဘယ်တော့တွေ့မယ်ဆိုတဲ့ ရက်အတိအကျက တော့ ထွက်မလာသေးဘူး။ ဒီလထဲမှာတော့ ဆွေးနွေးပွဲ ဖြစ်မှာ ပါ။ အစိုးရဘက်က အဲ့လို (မြောက်ပိုင်း ၄ ဖွဲ့အတူတွဲ) တွေ့ဖို့ကို ခွင့်ပြု တယ်လို့ သိရပါတယ်” ဟု ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ မပါဝင်ဘဲ အခြား စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ်ဆိုင်း ထားသည်။အပစ်ရပ်ဆိုင်းထားသည့် ကာလအတွင်း KIA ၊ TNLA ၊ MNDAA တု့ိနှင့် ပစ်ခတ်ခြင်းများ မရှိသော်လည်း ရခိုင်ပြည်နယ် တွင် တပ်မတော်နှင့် AA တို့မှာ စစ်ရေးတင်းမာမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်တိုက်ဆို သကဲ့သို့ ဖြစ်ပွားနေလျှက် ရှိသည်။ KIA ၊ MNDAA ၊ TNLA နှင့် AA တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် သဘောတူညီချက် တစုံတရာ ချုပ်ဆို ထားခြင်း မရှိသည့် အဖွဲ့များ ဖြစ်သည်။