တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများတွင် နိုင်ငံတကာအကူအညီများလျော့နည်းလာ

...

တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများတွင် နိုင်ငံတကာအကူအညီများလျော့နည်းလာ

The Irrawaddy, 29 Jan 2019

URL: https://www.irrawaddy.com/news/burma/ethnic-health-organizations-suffer-withdrawal-international-aid.html
ထိုင်း-မြန်မာနယ်စပ်မှ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏အစီအစဉ်များ ရုပ်သိမ်းမှုတိုးလာခြင်းအပေါ် ပြည်သူများအား ဆေးဘက်ဆိုင်ရာအကူအညီများပေးရာတွင် ရင်ဆိုင်နေသောအခက်အခဲများအား မည်ကဲ့သို့ ရင်ဆိုင်ကြမည်ဆိုသည်ကို ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံတလျှောက်မှ တိုင်းရင်သားကျန်းမာရေးအဖွဲ့အစည်း ကိုယ်စားလှယ်များသည် မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်တွင် သုံးရက်တာအ စည်းအဝေးကျင်းပခဲ့သည်။

မယ်တော်ဆေးခန်းမှကိုယ်စားလှယ်များအပါအဝင် ကရင်၊ ရှမ်း၊ မွန်၊ကရင်နီနှင့်မြန်မာအသိုင်းအဝိုင်းတို့မှ ကျန်းမာရေးအဖွဲ့အစည်းများသည် တိုင်းရင်းသားရေးရာကျန်းမာရေးတောင့်တင်းခိုင်မာမှုအဖွဲ့ကို ပူးတွဲဖွဲ့စည်းခဲ့သည်။ အဖွဲ့အစည်းများအားလုံးသည် ထိုင်း-မြန်မာနယ်စပ်တလျှောက်အခြေစိုက်ထားသောအဖွဲ့များဖြစ်ကြပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ၎င်းတို့သက်ဆိုင်ရာနေရာအသီးသီး၌ လိုအပ်သော ဆေးဘက်ဆိုင်ရာအစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ကျန်းမာရေးအဖွဲ့အစည်းကိုယ်စားလှယ်များသည် ဆေးဝါးပြတ်လပ်ခြင်းများနှင့် ဒေသများတွင် ဆက်လက်လုပ်ဆောင်နေသည့်အဖွဲ့အစည်းများထံမှ အကူအညီများလက်ခံရရှိမှု နှောင့်နှေးကြာရှည်ခြင်းများကို အစီရင်ခံခဲ့ကြသည်။

ယခင်က UK Aid သည် ထိုင်း-မြန်မာနယ်စပ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အဖွဲ့အည်းများကို ဆေးဝါးဆိုင်ရာအကူအညီများပေးနေသည့် အဓိကအလှူရှင်ဖြစ်သည်။ ယင်းအဖွဲ့သည် ကျန်းမာရေးအ ဖွဲ့အစည်းများကို အကူအညီများတိုက်ရိုက်ပေးသော်လည်း ယခုအခါ၎င်းတို့သည် United Nations Office for Project Services (UNOPS မှတဆင့်သာ အကူအညီပေးတော့ကြောင်း အဖွဲ့အစည်းများက ပြောပြခဲ့သည်။

လက်ရှိတွင် နယ်စပ်ရှိ ကျန်းမာရေးအဖွဲ့အစည်းများသည် မြန်မာအစိုးရထံမှ မည်သည့်အကူအညီမှ မရကြပေ၊ အရေအတွက်နည်းပါးလာသည့် INGOs ပေါ်တွင်သာ ဆက်လက်မှီခိုနေရသည်။