ညောင်ချောင်းသာကမ်းခြေအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည်

...

ညောင်ချောင်းသာကမ်းခြေအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည်

The Global New Light of Myanmar, 21 Feb 2019

URL: http://www.globalnewlightofmyanmar.com/nyaung-chaungtha-beach-to-be-opened-on-23-feb/
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အနောက်ဘက်ရှိ ရန်ကင်းစင်ရာကျေးရွာ၌ လွန်ခဲ့သောခြောက်နှစ်ခန့်ကပင် လှပသောရေချိုးရာအရပ်အဖြစ် တည်ရှိနေသည့် သဘာဝကျကျကမ်းခြေတစ်ခုဖြစ်သော ညောင်ချောင်းသာကမ်းခြေကို ယခုနှစ်ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်သည်။

“ညောင်ချမ်းသာကမ်းခြေက မြန်မာနိုင်ငံက ထင်ရှားတဲ့ကမ်းခြေတွေထဲမှာ တခုအပါအဝင်ပဲဖြစ်ပါတယ်။ ရေထဲမှာစွန့်စားမှုတွေပြုလုပ်နိုင်ဖို့ လာရောက်လည်ပတ်သူတွေအတွက် ဘေးကင်းတဲ့အစီအ မံအချို့ကိုလည်း ကျွန်တော်တို့ ပြုလုပ်ထားပါတယ်၊ ကမ်းခြေထိ ကားဝင်ရောက်နိုင်ပါတယ်။ ဝင်ခ၊ ဟိုတယ်အခန်းငှားခနဲ့ အစားအစာနဲ့ ထိုင်ခုံတွေအတွက် စျေးနှုန်းကိုလည်း ကျွန်တော်တို့ ပြန်လည် ပြင်ဆင်ထားပါတယ်။ ကမ်းခြေကို ဒီနှစ်ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ တရားဝင်ဖွင့်ပါမယ်” ဟု ညောင်တုန်းမြို့နယ်စည်ပင်သာယာကော်မတီဥက္ကဌဖြစ်သူ ဦးအောင်မျိုးဝင်းကပြောသည်။

“၂၀၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ညောင်ချောင်းသားကမ်းခြေကျွန်းမှာ ခရီးသွားရာသီအတွင်း လာရောက်လည်ပတ်သူတွေနဲ့ နှစ်စဉ် ပြည့်နှက်နေပါတယ်။ ကမ်းခြေကိုလာရောက်လည်ပတ်သူအရေအတွက် နှစ်စဉ်တိုးတိုးလာပါတယ်။ ”

ကော်မတီသည် ကမ်းခြေဝန်းကျင်တွင် ဖွင့်လှစ်ရန်အတွက် စားသောက်ဆိုင်အလုံး ၅၀ ကို ဆောက်လုပ်ခဲ့သည်။ လာရောက်လည်ပတ်သူများသည် လေကောင်းလေသန့်ရှုပြီး ရေဆင်းကူးနိုင်သလို ကမ်းခြေရှိ လတ်ဆတ်သောအစားအစာများကိုလည်း မှာယူစားသုံးနိုင်သည်။

ပြည်တွင်းပြည်ပဧည့်သည်များသည် ချောင်းသာနှင့်ငွေဆောင်ကမ်းခြေလောက်ကုန်ကျမှုမများသည့် ညောင်ချောင်းသာကမ်းခြေသို့ လာရောက်ကြသေည်။ ထို့ပြင် ကမ်းခြေသည် ရန်ကုန်မှ ကားဖြင့်လာလျှင် တစ်နာရီသာ အချိန်ကြာမြင့်သည်။