ချင်းပြည်နယ်၏ ပထမဆုံးသော ဖလမ်းလေဆိပ် ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်မည်

...

ချင်းပြည်နယ်၏ ပထမဆုံးသော ဖလမ်းလေဆိပ် ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်မည်

Myanmar Times, 27 Feb 2019

URL: https://www.mmtimes.com/news/airport-chin-state-open-september-2020.html
ချင်းပြည်နယ်၏ ပထမဦးဆုံးသော လေဆိပ်ဖြစ်လာမည့် ဖ လမ်း (ဆူရ်ဘုန်) လေဆိပ်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တွင် ဖွင့်လှစ်နိုင်မည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

အဆိုပါ လေဆိပ်အသစ် တည်ဆောက်ခြင်း စီမံကိန်းကို မူလ စီမံကိန်း အစီအစဉ်အရ ငါးနှစ် တည်ဆောက်ရန် လျာထားပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ သို့သော် ပြီးခဲ့သည့်လက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတတို့က ယင်းစီမံကိန်းကို ၂၀၂၀ စက်တင်ဘာ လ နောက်ဆုံးဖွင့်လှစ်ချင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ပြည်ထောင်စုဝန်ကြီးအား ညွှန်ကြား ခဲ့သည်ဟု ၎င်း က ဆိုသည်။

ချင်းပြည်နယ်၏ အဆိုပါလေဆိပ်တည်ဆောက်မှု လုပ်ငန်းစီမံကိန်းကို နိုင်ငံတော် ဘတ်ဂျက်ဖြင့်၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လုပ် ငန်းစတင်ခဲ့ပြီး ငါးနှစ် စီမံကိန်းဖြင့် နှစ်စဉ် ကျပ်သန်း ၅ဝ၀ဝ တောင်းခံ၍ ဆောက်လုပ်ရန် လျာထားခဲ့သည်။ လေဆိပ်သစ်ဆောက် လုပ်ရေး စီမံကိန်းကို ဖလမ်းမြို့နယ်ရှိ မြေဧက ၁ç၂၈၉ ဒသမ ၅ ဧကပေါ်တွင် လေယာဉ် ပြေးလမ်း အလျားပေ ၆çဝ၀ဝ၊ အကျယ်ပေ ၁၀ဝ တည် ဆောက်မည်ဖြစ်သည်။လေယာဉ်ကွင်းတည်ဆောက်မှု ပြီးစီးသွားပါကနေ ပြည်တော်၊ ရန်ကုန်သို့ နာရီပိုင်းအတွင်း ရောက်ရှိမည်ဖြစ်သည့်အတွက် အချိန်ကုန်သက်သာခြင်း၊ လူပင်ပန်းမှု သက်သာကာ ခရီး သွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဟု ယုံကြည်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။