ကေအင်န်ယူနှင့် အာရ်စီအက်စ်အက်စ်ခေါင်းဆောင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့၌ အပြောင်းအလဲပြု လုပ်မည်

...

ကေအင်န်ယူနှင့် အာရ်စီအက်စ်အက်စ်ခေါင်းဆောင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့၌ အပြောင်းအလဲပြု လုပ်မည်

Myanmar Times, 06 Mar 2019

URL: https://www.mmtimes.com/news/armed-ethnic-groups-reshuffle-negotiating-team.html
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)တွင် ကရင်အ မျိုးသားအစည်း အရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်များအား အပြောင်း အလဲပြုလုပ် မည်ဖြစ်ကြောင်း ပီပီအက်စ်တီက မတ် ၅ ရက်၌ ကြေညာခဲ့သည်ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် သဘောထားကွဲလွဲမှုကို အခြေခံပြီး လေးလကြာရပ်ဆိုင်းထားရ သည့် ပီပီအက်စ်တီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ် ၅ ရက်မှ ၆ ရက်အထိ တရားဝင် ပြန်လည်ကျင်းပနေခြင်းဖြစ် သည်။

ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ပီပီအက်စ်တီခေါင်းဆောင်အဖြစ်မှ အနားယူကာ ၎င်း၏နေရာတွင် ကေအင်န်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက တာဝန်ယူသွားမည် ကြောင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလက တည်းက သတင်းထွက်ပေါ် ခဲ့ပြီး ထိုအပြောင်းအလဲသည် ယခုအစည်းအဝေး၌ တရားဝင်ဖြစ်ပေါ်လာဖွယ်ရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက သုံးသပ် ကြသည်။

အရွေ့တစ်ခုဖန်တီးရန်လို လေးလကြာရပ်နားပြီးမှ တရားဝင်ပြန်လည် စတင်သည့် ပီပီအက်စ်တီအစည်းအဝေးကို အထူးအစည်း အဝေးအနေဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးမှ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ဆို့နေသည့် အနေအထားမှနေ အပေါင်းလက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန် သည့် အရွေ့တစ်ခုကို ဖန်တီးနိုင်ရန်လိုအပ်နေကြောင်း ကေအင်န်ယူနှင့် အာရ်စီအက်စ် အက်စ်တို့က ရှုမြင်ထား ကြသည်။