ဧရာဝတီတိုင်းတွင် ပြန်လည်စွန့်လွှတ်မြေများအား တောင်သူများထံ လုပ်ပိုင်ခွင့်ပြုလက်မှတ် လွှဲပြောင်းပေးအပ်

...

ဧရာဝတီတိုင်းတွင် ပြန်လည်စွန့်လွှတ်မြေများအား တောင်သူများထံ လုပ်ပိုင်ခွင့်ပြုလက်မှတ် လွှဲပြောင်းပေးအပ်

Eleven Myanmar, 03 Mar 2019

URL: https://elevenmyanmar.com/news/over-1400-acres-of-confiscated-lands-returned-to-355-farmers-in-ayeyawady-region
လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွာသစ် ကျေးရွာအုပ်စု တောင်စုကျေးရွာ၌ ကျင်းပသည့် ၂၀၁၉ ခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ယနေ့တောင်သူလယ်သမားနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့မှ တောင်သူ ၃၅၅ ဦးအတွက် ပြန်လည်စွန့်လွှတ်သည့် စိုက် ပျိုးမြေဧရိယာ ဧက ၁၄၁၀ ကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပန်းတနော်မြို့နယ်အတွင်း ယုဇနကုမ္ပဏီမှ ထမ်မံစွန့်လွဟတ်သည့် ၆၃၆ ဧကကို တောင်သူ ၁၀၃ ဦး ကိုယ်စား တောင်သူတစ်ဦးထံသို့လည်းကောင်း၊ ကာ ကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က မြောင်းမြမြို့နယ်အတွင်း ခလရ(၉၃)မှ ပြန်လည်စွန့်လွှတ်သည့် ၂၀၉ ဧကကို တောင်သူ ၆၆ ဦးကိုယ်စား တောင်သူတစ်ဦးကိုလည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်မြင့်က ကြံခင်းမြို့နယ်အတွင်း မက်သနောစက်ရုံမှ ပြန်လည်စွန့်လွှတ်သည့် ၄၈၁ ဧကကို တောင်သူ ၁၅၇ ဦးကိုယ်စား တောင်သူတစ်ဦးထံသို့လည်းကောင်း၊ စိုက် ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရေကြည်မြို့နယ်အတွင်း ခလရ(၃၆)မှ ပြန်လည်စွန့်လွှတ်သည့် ၈၄ ဧကကို တောင်သူ ၂၉ ဦးကိုယ်စား တောင်သူတစ်ဦးထံသို့လည်းကောင်း လုပ်ပိုင်ခွင့်ပြု လက်မှတ်များကို ပေးအပ်ကြသည်။