နိုင်ငံခြားတွင် လုပ်ကိုင်နိုင်သည့် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများ ဖွင့်မည်

...

နိုင်ငံခြားတွင် လုပ်ကိုင်နိုင်သည့် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများ ဖွင့်မည်

Myanmar Times, 05 Mar 2019

URL: https://www.mmtimes.com/news/govt-open-elderly-care-training-course.html
နိုင်ငံခြားတွင်ပါ သွားရောက်အလုပ်လိုပ်ကိုင်နိုင်သော လက်မှတ်ရရှိမည့် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှု Elderly Care Assistances သင်တန်းတစ်ခုကို ယခုလတွင် စတင်ဖွင့်လှစ်မည်ဖြစ်သကဲ့သို့ ဆက်လက်ပြီးလည်းဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

လောလောဆယ်တွင် ကနဦးအနေဖြင့် Poster Guigo Service ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုကျန်းမာ ရေး စောင့်ရှောက်မှုသင်တန်းကျောင်း၏ အကူအညီဖြင့် Elderly Care Assistances ခြောက်လသင်တန်းကို မတ်၇ရက်နေ့ တွင် စတင်ဖွင့် လှစ်မည်ဖြစ်သည်။

''နောက် ပြင်ပကနေလာပြီး ဖွင့်ချင်တဲ့သူတွေလည်းအများကြီးရှိပါတယ်။ ဒါတွေဆက်လုပ် ပါမယ်။ အောင်လာမယ့်သူတွေကို လက်မှတ်ပေးပါမယ်။ သူတို့သည် နိုင်ငံခြားမှာလည်း သွားရောက်အလုပ်လုပ် လို့ရပါတယ်'' ဟု မတ်၁ရက်နေ့ကကျင်းပသော ပြည်သူ့လွှတ်တော်တွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ လိုအပ်ချက် ကြီးမားလာ သောကြောင့် အဆိုပါသင်တန်းများကို တက်ရောက်လိုသူများလည်း များစွာ ရှိနေသည်။

လက်ရှိတွင် ပုဂ္ဂလိကမှ အကူသူနာပြုသင်တန်းများဖွင့်လှစ်လျက်ရှိပြီး ၄င်းတို့ကိုတရားဝင်ခွင့်ပြုထားခြင်းမဟုတ်သော်လည်း စနစ်တကျမွေးထုတ်လာစေရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ လာမယ့်နှစ်ပတ်အတွင်း အားလုံး ပါဝင်သော ဆွေးနွေးပွဲများကျင်းပသွားမည်ဟုဆိုသည်။သို့သော်လည်း အထက်ပါ ပုဂ္ဂလိကအကူသူနာပြုသင်တန်းကျောင်းများနှင့် သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှော က်မှု သင်တန်းကျောင်းများဖွင့်လှစ်ခြင်း၊ အသိအမှတ်ပြုသင်တန်းဆင်းလက်မှတ်များ ထုတ်ပေးခြင်းများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ National Skill and Standard Authority ကသာ ဆောင်ရွ က်ခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။