မသန်စွမ်းသူများအတွင် သင်ကြားရေးအလုပ် ၄၀၀၀ ကျော် ရရှိစေရန် ကြိုးပမ်းမည်

...

မသန်စွမ်းသူများအတွင် သင်ကြားရေးအလုပ် ၄၀၀၀ ကျော် ရရှိစေရန် ကြိုးပမ်းမည်

Myanmar Times, 06 Mar 2019

URL: https://www.mmtimes.com/news/organisation-seeks-4000-teaching-jobs-disabled.html
မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်သည် အစိုးရအား သင်ကြားရေးဆိုင်ရာအလုပ်အကိုင် ၄၀၀၀ ကျော်ကို မသန်စွမ်းသူများအတွက် ကူညီရှာဖွေပေးရန် တောင်းဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် မသန်စွမ်းသူများအတွက် အလုပ်အကိုင်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဦးသိန်းလွင်မှ ကျွန်တော်တို့က မသန်စွမ်းသူတွေအတွက် ပုဂ္ဂလိကပိုင်းတွေမှာ အလုပ်ရရှိဖို့အတွက် ကိုယ်စားပြုဆောင်ရွက်ပေးနေပါတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့အများပြည်သူကဏ္ဍတွေမှာလည်း တန်းတူပါဝင်သင့်ပါတယ်။ မသန်စွမ်းသူတွေက ဘဝမှာ စိန်ခေါ်မှုအခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်၊ ဒါပေမယ့် စာသင်ပြပေးနိုင်တဲ့သူအများအပြားလည်းရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစာသင်ပေးနိုင်တဲ့ မသန်စွမ်းတွေအတွက် သင်ကြားရေးပိုင်းဆိုင်ရာအလုပ်အကိုင် ၄၀၀၀ ကို ရှာဖွေကူညီပေးဖို့ အစိုးရကို တောင်းဆိုပါတယ် ဟု ၎င်းက ပြောခဲ့သည်။

လဝကမှ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က ၎င်းတို့အနေဖြင့် မသန်စွမ်းသူများနှင့်ကိုက်ညီနိုင်မှုရှိမည့်အလုပ်များကို ရရှိအောင် ကြိုးစားပေးနေကြောင်း ပြောကြားခဲ့သည်။

၂၁၀၇ ခုနှစ် မသန်စွမ်းသူများအခွင့်အရေးဥပဒေအရ မသန်စွမ်းသူများကို ခန့်ထားသည့် ကုမ္ပဏီများကို အခွန်လျော့ပေါ့ပေးမည်ဟူ ၍ မက်လုံးပေးထားသည်၊ မသန်စွမ်းသူများအား မခန့်ထားသည့် ကုမ္ပဏီများ သည် မသန်စွမ်းများကို ကူညီမှုပြုရန်အတွက် ငွေကြေးအကူအညီထည့်ဝင်ရန် လိုအပ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ ကုလသမဂ္ဂညီလာခံတွင် လက်မှတ်ရေးထိုးခဲ့သည်၊ ၂၀၁၆ ခုနှစ်တွင် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၀ နှစ်စာ အမျိုးသားမ ဟာဗျူဟာကို ချပြခဲ့သည်။