အစားအစာထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်နေ

...

အစားအစာထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်နေ

Myanmar Times, 11 Mar 2019

URL: https://www.mmtimes.com/news/more-investments-needed-expansion-food-processing-industry.html
နောက်ထပ်ဖွံ့ဖြိုးမှုများပြုလုပ်ရန်အတွက် မြန်မာနိုင်ငံ၏ အစားအစာထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအကူအညီများ ပိုမိုလိုအပ်လျှက်ရှိကြောင်း မြန်မာနိုင်ငံ အစားအစာထုတ်လုပ်မှုနှင့်တင်ပို့သူများအဖွဲ့မှ ဥက္ကဌဖြစ်သူ ဦးအေးဝင်းက မြန်မာတိုင်းမ်သို့ ပြောခဲ့သည်။

လက်ရှိ၌ မြန်မာသည် ဆန်၊ ပဲ ၊ ပြောင်း နှင့် အခြားသောစိုက်ပျိုးရေးထုတ်ကုန်များကဲ့သို့ အခြေခံကုန်ကြမ်းများကို ထုတ်လုပ်သည်။ ပိုသည့်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချသည်။ သို့သော်လည်း နိုင်ငံတွင်းသို့ အဆင်သင့်စားပစ္စည်းများနှင့် နို့ထွက်ပစ္စည်းများကိုလည်း တင်သွင်းကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် တန်ဖိုးမြင့်သည့်အစားအစာထုတ်ကုန်များထုတ်လုပ်မှုအပေါ် ပစ်မှတ်ထားတိုးမြှင့်ဆောင်ရွက်သင့်သည်၊ ထိုတန်ဖိုးမြင့်အစားအစာအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနှစ်ခုစလုံးမှ ငွေကြေးထောက်ပံ့မှုလိုအပ်ကြောင်း ဦးအေးဝင်းက ပြောခဲ့သည်။

၂၀၁၇ ခုနှစ်၌ မြန်မာနိုင်ငံ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကွင်းဆင်းစစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံရှိ ထိုစီးပွားရေး လုပ်ငန်း အများစုသည် အစားအစာထုတ်လုပ်မှုကဏ္ဍများတွင် ပါဝင်နေကြောင်း တွေ့ရသည်။

လက်ရှိတွင် နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ထိုစီးပွားရေးလုပ်ငန်းများကို ငွေကြေးချေးပေးထားသည်။

လူဦးရေအတိုင်းအတာများပြားမှုကြောင့် ဂျပန်ရင်းနှီးမြှုပ်နှံသူများအတွင်း မြန်မာနိုင်ငံအစားအစာလုပ်ငန်းတွင် စိတ်ဝင်စားမှု မြင့်တက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် လူဦးရေ ၅၂ သန်းကျော်ရှိသည်။
တရားမဝင်တင်သွင်းမှုများကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ရန်နှင့် အရည်အသွေးတိုးမြှင့်အောင်လုပ်ဆောင်ရမည်ဖြစ်သည်။ အစိုးရသည် ထိုသို့တရားမဝင်တင်သွင်းမှုများကို အရေးယူသင့်သည်။