စင်ကာပူမှာ ဆိပ်ကမ်းနှင့် ဂိုဒေါင်စီမံကိန်းများအတွက် လာရောက် ရင်းနှီးမြှုပ်နှံမည်

...

စင်ကာပူမှာ ဆိပ်ကမ်းနှင့် ဂိုဒေါင်စီမံကိန်းများအတွက် လာရောက် ရင်းနှီးမြှုပ်နှံမည်

Eleven Myanmar, 28 Apr 2019

URL: https://elevenmyanmar.com/news/singapore-to-invest-in-jetty-and-warehouse-project
စင်ကာပူသည် BOT စနစ်အရ ဆိပ်ကမ်းနှင့် ဂိုဒေါင်များ ဆောက်လုပ်ခြင်းအတွက် ယူအက်စ်ဒေါ်လာ ၂၉၀.၁၂၄ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ပြောကြားချက်အရ သိရှိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဧပြီလ ၂၆ ရက်နေ့တွင်ပြုလုပ်သည့် အစည်းအဝေး၌ ၎င်းတို့အား မီးစိမ်းပြလိုက်ပြီဖြစ်သည်။ စီမံကိန်းကြောင့် နိုင်ငံသားများအတွက် အလုပ်အကိုင် ၁၁၇၆ ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အစည်းအဝေး၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ယူအက်စ်ဒေါ်လာ ၅၃.၂၇၁ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ၂၂ ခုကို ပါမစ်များချထားပေးခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံသားများအတွက် အလုပ်အကိုင် ၁၀၁၆၈ ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ၂၂ ခုမှာ စက်မှုလုပ်ငန်းကဏ္ဍတွင် ၂၀ ခု၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၁ ခုနှင့် အခြားကဏ္ဍတွင် ၁ ခုတို့ဖြစ်သည်။