အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း လေးကေးကော်မြို့သစ် ထီးမယ်ဝါခီးကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

...

အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း လေးကေးကော်မြို့သစ် ထီးမယ်ဝါခီးကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

The Global New Light of Myanmar, 22 Apr 2019

URL: http://www.globalnewlightofmyanmar.com/amyotha-hluttaw-speaker-visits-hteemae-wakhee-village-lay-kay-kaw-myothit/
ကရင်ပြည်နယ် မြဝတီမြို့နယ်၌ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းသည် ယနေ့နံနက်ပိုင်းတွင် မြဝတီခရိုင်အတွင်းရှိ လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်အတွင်း ပြည်သူများ၏ အခက်အခဲများနှင့် ခံစားမှုများကို တတ်စွမ်းနိုင်သမျှ ကူညီဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

မိမိတို့လွှတ်တော်၏အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ်သော်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့ကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အပြန်အလှန်ထိန်းကျောင်းရပါကြောင်း၊ သို့မှသာ ပြည်သူများလိုလားသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့တွေ့ဆုံချိန်တွင် ဒေသခံပြည်သူများအနေဖြင့် အခက်အခဲများ၊ အကြံပြုချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဌသည် လေးကေ့ကော်မြို့သစ်အတွင်းရှိ လေးကပေါ်ရေတံခွန်အပန်းဖြေစခန်းနှင့် စိုက်ပျိုးရေးခြံတို့ကို လှည့်လည်ကြည့်ရှုသည်။