ဟားခါးတွင် လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

...

ဟားခါးတွင် လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

The Global New Light of Myanmar, 28 Apr 2019

URL: http://www.globalnewlightofmyanmar.com/haka-gets-community-centre-mobile-library/
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ပူးပေါင်းစီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန(IPRD) နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဟားခါးခရိုင်(IPRD) ရုံးတွင် ယမန်နေ့ နံနက်က ကျင်းပခဲ့သည်။

လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ထားသည့် စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့အား လှည့်လည်ကြည့်ရှု့ပြီး စာကြည့်တိုက်များကို ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ ဘက်စုံသုံးခန်းမများဖြင့် ဖွဲ့စည်းဆောင်ရွက်မှုအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပူးပေါင်းပြီး ကွန်ပျူတာသင်တန်းခန်းမ၊ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းများ ဖြည့်စွက်၍ လူထုအခြေပြုဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင်ဖွင့် လှစ်မှုများရှိကြောင်း ပြန်ကြားရေးက ရှင်းပြခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ပြီး ဟိုတယ်နှင့် ချက်ပြုတ်နည်းသင်တန်းကျောင်းနှင့် လူသားချင်းဆိုင်ရာစာနာထောင်ထားမှုဆိုင်ရာလုပ်ငန်းများဖြစ်သော လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ လူနေအိမ်၊ ဆရာဆောင်နှင့် စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ဆိုလာမီး၊ လျှပ်စစ်မီးရရှိရေး ကူညီပေးခြင်း၊ ရေတွင်းရေကန်များ တူးဖော်ပေးခြင်း၊ သဘာဝဒဏ်ခံစားရသော ပြည်သူများကို ကူညီခြင်း စသည့်လုပ်ငန်းများဆောင်ရွက်မှုအပြည် ရွေ့လျားစာကြည့်တိုက်လုပ်ငန်း ၁၅ ခု ဆောင်ရွက်လျှက်ရှိသည်။