မြန်မာမှ အခြေခံအဆောက်အဦးစီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယူအက်စ်ဒေါ်လာသန်း ၃၀၀ ကို ခွင့်ပြုပေး

...

မြန်မာမှ အခြေခံအဆောက်အဦးစီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယူအက်စ်ဒေါ်လာသန်း ၃၀၀ ကို ခွင့်ပြုပေး

Mizzima, 29 Apr 2019

URL: HTTP://WWW.MIZZIMA.COM/ARTICLE/MYANMAR-PERMITS-300-MLN-FOREIGN-INVESTMENT-INFRASTRUCTURE-PROJECT
မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦးကဏ္ဍ၌ ယူအက်စ်ဒေါ်လာ ၂၉၀.၁ သန်း ကျော်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးလိုက်ကြောင်း the Directorate of Investment and Company Administration (DICA) က ပြောကြားခဲ့သည်။

BOT စနစ်အခြေခံသည့် ဆိပ်ကမ်းနှင့်ဂိုဒေါင်များအတွက် စင်ကာပူမှ ရင်းနှီးမြှုပ်နှံမှုများကို ကော်မရှင်က ခွင့်ပြုပေးခဲ့ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၁၇၆ ခု ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တဝက်ခန့်၌ နိုင်ငံသို့ ယူအက်စ်ဒေါ်လာ ၁.၈၇ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၃၉ ခု ဝင်ရောက်လာခဲ့ပြီး ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံငွေ ယူအက်စ်ဒေါ်လာသန်း ၆၈၀ ကျော်ရှိသည်။ထိုကာလအတွင်း စင်ကာပူမှ လာရောက် ရင်းနှီးမြှုပ်နှံသူအများဆုံးဖြစ်ခဲ့ပြီး ယူအက်စ်ဒေါ်လာ ၁.၁ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံခဲ့သည်။