ကလေးသူငယ်အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာလေးစားလိုက်နာရေးစီမံချက် ရန်ကုန်ရှိ ကျောင်းများတွင် အကောင်အထည်ဖော်ဆောင်

...

ကလေးသူငယ်အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာလေးစားလိုက်နာရေးစီမံချက် ရန်ကုန်ရှိ ကျောင်းများတွင် အကောင်အထည်ဖော်ဆောင်

Eleven Myanmar, 29 Apr 2019

URL: HTTPS://ELEVENMYANMAR.COM/NEWS/EDUCATION-PROJECT-TO-RESPECT-AND-FOLLOW-CHILD-RIGHTS-AND-HUMAN-DIGNITY-UNDER-IMPLEMENTATION-IN
ကလေးသူငယ်ဆိုင်ရာအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာအလေးထားလိုက်နာရမည့် ပညာရေးဆိုင်ရာစီမံချက်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းကပင် ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာရေးစာသင်ကျောင်းများတွင် ကလေးကို ပစ်မှတ်ထားဆောင်ရွက်နေသည်။ စီမံချက်စတင်နှင့်နေပြီဖြစ်သည့်စာသင်ကျောင်းအရေအတွက်မှာ ၂၅ ကျောင်းရှိနေပြီဖြစ်သည်။

ကလေးအခွင့်အရေးနှင့် ၎င်းတို့၏တာဝန်များနှင့်ပတ်သက်သည့် ပညာရေးဆိုင်ရာစီမံချက်မှာ ၂၀၁၃ ခုနှစ်ကတည်းကပင် စတင်နေပြီဖြစ်သည်။ ပညာရေးစီမံချက်သည် ၂၀၂၀ တွင် ပြီးဆုံးမည်ဖြစ်သည်။
“ဒီပညာရေးဆိုင်ရာစီမံချက်ကို ၂၀၁၃ မှာစတင်ခဲ့ပါတယ်။ အခုအခါမှာ ရာဇဝတ်မှုပြဿနာတွေက ရန်ကုန်နဲ့ မန္တလေးမှာအများဆုံးဖြစ်ပွားနေပါတယ်။ လူတိုင်းရဲ့လုံခြုံရေးက မလုံမခြုံဖြစ်နေပါတယ်။ တယောက်နဲ့ယောက် ထိတ်လန့်နေကြပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့က မလွယ်ပါဘူး။ တရားဥပဒေလည်း စိုးမိုးမှု မရှိပါဘူး။

ငြိမ်းချမ်းတဲ့လူမှုအသိုင်းအဝိုင်း မတည်ဆောက်နိုင်သေးပါဘူး။ ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်က နေရာတိုင်းမှာ ဥပဒေစိုးမိုးမှုရှိရပါမယ်။ ကလေးတွေကို ငြိမ်းချမ်းရေးနဲ့လူမှုအသိုင်းအဝိုင်းလုံခြုံမှုရှိစေဖို့ သူတို့အသက်အရွယ်မှာ သင်ကြားပေးဖို့ လမ်းကြောင်းပေါ်ရောက်ရှိနေပါပြီ။ စီမံကိန်းကတော့ ၂၀၂၀ ဇန်နဝါရီလမှာ ပြီးမှာပါ။ ဟု ဦးအာကာစိုးနောင်က ပြောခဲ့သည်။