တောင်သူများအတွက် အကျိုးတူလယ်ယာစနစ်ပီပြင်လာရန် လိုအပ်နေ

...

တောင်သူများအတွက် အကျိုးတူလယ်ယာစနစ်ပီပြင်လာရန် လိုအပ်နေ

Myanmar Times, 10 May 2019

URL: https://www.mmtimes.com/news/contract-farming-help-farmers-deal-challenges.html
လုပ်ကွက်ငယ်တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကိုကူညီဖြေရှင်းပေးနိုင်ရန်အတွက် အကျိုးတူလယ် ယာစနစ်(Contract Farming)ပီပီပြင်ပြင်ဖြစ်ပေါ်လာရန် လိုအပ်နေကြောင်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော် ကပြောသည်။

အများစုဖြစ်သော လုပ်ကွက်ငယ်တောင်သူများမှာ သီးနှံ ထုတ် လုပ်မှုတိုးတက်စေရန်အတွက် ငွေကြေးအ ရင်းအနှီး၊ ထုတ်လုပ်မှုနည်းပညာ၊ သတင်းအချက်အ လက်လက်လှမ်းမီမှု အကန့်အသတ်၊ ထွက်ကုန်အ ရည်အသွေးပိုင်းဆိုင်ရာလိုအပ်ချက်နှင့် ဈေးကွက်အ ခွင့်အလမ်းရရှိနိုင်မှုတွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ် ကြောင်း နေပြည်တော်တွင် မေ ၉ ရက်နေ့ကကျင်း ပသည့် အကျိုးတူကန်ထရိုက်လယ်ယာစနစ် ဖော် ဆောင်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် တာဝန်ရှိသူ များကပြောဆို ဆွေးနွေး ကြသည်။

ပိုထိရောက်သောကန်ထရိုက်လယ်ယာစနစ်ဖြစ်ပေါ်ရေးအတွက် တောင်သူ၊ကုန်သည်အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများကထိန်းကျောင်း/လိုက်နာ ဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်(Standard Operating Procedure-SOP) မူကြမ်းတစ်ရပ်ပေါ်ထွက်လာရန်လည်း ၄င်းကတိုက် တွန်းသွားခဲ့သည်။

မြန်မာနိုင်ငံတွင် အကျိုးတူလယ်ယာစနစ်ကို လုပ်ငန်းရှင်များနှင့်တောင်သူများ အလျဉ်းသင့်သလိုဆောင်ရွက်ခဲ့၊ ဆောင်ရွက်လျက်ရှိသော်လည်းအချင်းချင်းထိန်းကျောင်း/လိုက်နာရမည့်လုပ်ငန်းစဉ်(SOP)မရှိ သေးသဖြင့် အကျိုးတူ လယ် ယာစနစ်မှာ အားကောင်း လာခြင်းမရှိသေးပေ။

ထိုအတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးမှ သီးနှံ ၉ မျိုးအတွက် အပြန်အလှန်ထိန်း ကျောင်း နိုင်စွမ်းရှိစေမည့် ကန်ထရိုက်လယ်ယာစနစ်ဆိုင်ရာ စာချုပ်မှုကြမ်းများပြုစုရေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။ဆန်စပါး၊ ပြောင်း၊ ကြံ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်တို့ပါဝင်ပြီး နို့စားနွား လည်းပါဝင်ကြောင်းသိရသည်။ အကျိုးတူစာ ချုပ်တွင် ဈေးနှုန်းပိုင်းဆိုင်ရာ၊ အရည်အသွေးစံချိန်စံ ညွှန်းပိုင်းဆိုင်ရာ၊ အပြန်အလှန်ကတိကဝတ်ပိုင်းဆိုင်ရာ၊ အပြင်းပွားမှုဖြေ ရှင်းရေးပိုင်းဆိုင်ရာများကို ထည့်သွင်း ရေးဆွဲသွားရန်ရှိ ကြောင်းလည်းပြောသည်။ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် အတွက်လည်း ကန်ထရိုက်လယ်ယာစာချုပ်တွင် အစိုးရပိုင်းမှပါ ပါဝင်ရန်လိုကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

အထူးသဖြင့် မြို့နယ်အဆင့်မှ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဥပဒေအကြံ ပေးတို့ပါဝင်ရန် လိုအပ် လျက်ရှိနေသည်ဟုဆိုသည်။