တပ်မတော်နှင့် KNU ခေါင်းဆောင်များ ရန်ကုန်တွင် အလွတ်သဘောတွေ့ဆုံ

...

တပ်မတော်နှင့် KNU ခေါင်းဆောင်များ ရန်ကုန်တွင် အလွတ်သဘောတွေ့ဆုံ

The Irrawaddy, 15 May 2019

URL: https://www.irrawaddy.com/news/burma/military-knu-leaders-hold-informal-talks-yangon.html
ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် တပ်မတော်ကာကွယ်ရေးဦးချုပ်တို့ မေလ ၁၁ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံမှုသည် အလွတ်သဘောနှင့်ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုဖြစ်သော်လည်း နှစ်ဖက်ပုံမှန်အစည်းအဝေး များ ဆက်လက်ပြုလုပ်နိုင် ရေးဦးတည်ကြောင်း KNU ဒုတိယ ဥက္ကဌ က ဆိုသည်။

KNU ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း အဆို အရ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တို့ကြား အလွတ်သဘော တွေ့ဆုံမှုသည် တပ်မတော် ၏ ဖိတ်ကြားချက်အရ တွေ့ဆုံခြင်းဖြစ်ကြောင်း သိရ သည်။

KNU နှင့်တပ်မတော်ကြား ဆက်ဆံရေးနှင့် ပတ် သက်ပီး ယေဘုယျအားဖြင့် ကောင်းမွန်သည် ဟု ပြော၍ရသော် လည်း အလုံးစုံမဟုတ်ဘဲ အချို့နယ်ပယ်များတွင် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် လိုနေသေး ကြောင်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲများ ရပ်တန့်နေခြင်းသည်လည်း ၂၀၁၈ ခုနှစ် မတ်လတွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၌ KNU ထိန်းချုပ်နယ်မြေအတွင်း လမ်းဟောင်းမွမ်းမံရေးကိစ္စနှင့်ပတ်သက်၍ KNU နှင့်အစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းနှင့် အောက်တိုဘာလတွင် ပုံမှန်ငြိမ်းချမ်းရေးလုပ်ငန်းမှ ဆိုင်းငံ့ထားရန် KNU က ဆုံးဖြတ်ချက်ချပြီးကတည်းက ဖြစ်သည်။

နောက်ဆုံးတွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေခြင်းနှင့် ပတ်သက်သော အခြား NCA လက်မှတ်ထိုး ထားသည့် အဖွဲ့များ၏ အမြင်သဘောထားများကိုလည်း တပ်ချုပ်နှင့် ပြောဆိုခဲ့သည်ဟု ဖဒိုကွယ်ထူးဝင်းက ဆိုသည်။

“အပစ်အခတ်ရပ်စဲရေးခိုင်မာရေးကိစ္စတို့ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆက်လုပ်နိုင်ဖို့ (လိုအပ်ချက်)ကို ပြောဖြစ်ပါတယ်။ သူ(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) တို့ကလည်း ဒါကို နိုင်ငံရေးဆွေးနွေးပွဲတော့ ဆက်လုပ်ရမယ်“ ဆိုတဲ့ အလားတူသဘော ထားအမြင်ကို ဖလှယ်ခဲ့ပါတယ် ဟု ဖဒိုကွယ်ထူးဝင်းက ဆိုသည်။