ရှမ်းစု-ချောင်းစောက်- လှည်းဆိပ်-မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်း ဖွင့်လှစ်

...

ရှမ်းစု-ချောင်းစောက်- လှည်းဆိပ်-မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်း ဖွင့်လှစ်

The Global New Light of Myanmar, 27 May 2019

URL: http://www.globalnewlightofmyanmar.com/new-inter-village-tar-road-in-ayeyawady-cuts-travel-time-and-costs-to-residents/
ကျေးလက်လမ်း၊တံတားများဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရေကြီးရေလျှံနှင့် မြေပြိုမှုများကြောင့် အရေးပေါ် ပြန်လည်ထူထောင်ရေးစီမံ ကိန်း၏ ရှမ်းစု-ချောင်းစောက်- လှည်းဆိပ်-မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဌမန်းဝင်းခိုင်သန်းက တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

ယခုစီမံကိန်းသည် ရေကြီး၊ရေလျှံနှင့် မြေပြိုမှုများကြောင့် အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ အကူအညီဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အမေရိကန်ဒေါ်လာသန်း ၇၀ ဖြင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများအတွင်းရှိ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်သည်။

ကျုံပျော်မြို့နယ် ရှမ်းစု-ချောင်းစောက်- လှည်းဆိပ်-မိုးကြိုးပစ် ကျေးရွာချင်းဆက် ကတ္တရာလမ်း ၁၄ ကီလိုမီတာကို အသုံးပြုခြင်းအားဖြင့် ပြည်သူများအတွက် အချိန်နာရီဝက်ခန့် သက်သာသွားပြီး သယ်ယူ ပို့ဆောင်ေချင်းဆက် ကတ္တရာလမ်း ၁၄ ကီလိုမီတာကို အသုံးပြုခြင်းအားဖြင့် ပြည်သူများအတွက် အချိန်နာရီဝက်ခန့် သက်သာသွားပြီး သယ်ယူပို့ဆောင်ရေးစရိတ် သက်သာသွားမည်ဖြစ်သည်။

ယနေ့ဖွင့်လှစ်သည့် ရှမ်းစု-ချောင်းစောက်- လှည်းဆိပ်-မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်းသည် ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၂၄၈၇ အိမ်၊ လူဦးရေ ၁၀၆၂၇ ဦးတို့ကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည်နှင့်အညီ ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။