ဝင်ငွေနည်းပါးသူများအတွက် တန်ဖိုးနည်းအိမ်ရာများ အရစ်ကျရောင်းချပေးမည်

...

ဝင်ငွေနည်းပါးသူများအတွက် တန်ဖိုးနည်းအိမ်ရာများ အရစ်ကျရောင်းချပေးမည်

The Global New Light of Myanmar, 18 May 2019

URL: http://www.globalnewlightofmyanmar.com/affordable-housing-units-for-low-income-buyers-to-be-sold-by-instalment/
ဒဂုံဆိပ်ကမ်းနှင့်လှိုင်သာယာမြို့နယ်များရှိ တန်ဖို့နည်း/တန်ဖိုးသင့်အိမ်ရာများကို ဝင်ငွေနည်းပါးသည့်သူများအား ရေရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောခဲ့သည်။

အဆိုပါအိမ်ခြံမြေစီမံကိန်းများကို ဂျပန်နိုင်ငံ၏တရားဝင်ဖွံ့ဖြိုးမှုပံ့ပိုးရေးအစီအစဉ်၏ ကူညီပေးမှုဖြင့် အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်သည်။ ရေရှည်အိမ်ရာချေးငွေကို ထိုအစီအစဉ်အောက်တွင် ပေးသွားမည်ဖြစ်သည်။

စီမံကိန်းတွင် အခန်းဝယ်ယူချင်သည့်သူများသည် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHID)တွင် ငွေစုဘဏ်စာရင်းဖွင့်ရန်လိုအပ်သည်။

ဘဏ်၏ဖောက်သည်အချို့သည် အခန်းများကိုဝယ်ယူရန်အတွက် ဘဏ်တွင် ငွေအလုံအလောက်အပ်နှံထားသည်။ ထိုသူများသည် ဒဂုံဆိပ်ကမ်းရှိ ယုဇနအိမ်ရာနှင့် ကနောင်အိမ်ရာ ၁ နှင့် ၂ တို့ကို ဝယ်ယူနိုင်ပြီး၊ လှိုင်သာ ယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာနှင့်ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းရှိ အပိုင်း ၁ နှင့် ၂ တို့ကို ဝယ်ယူနိုင်သည်။ CHID သည် မေလ ၁၀ ရက်နေ့တွင် ဝယ်ယူနိုင်သည့်သူများစာရင်းကို ကြေငြာခဲ့သည်။ အခန်းဝယ်ယူရန် စုစုပေါင်း ၃၀၄၂ ဦးကို အတည်ပြုပေးခဲ့သည်။

ဝယ်ယူရန်အတည်ပြုပေးပြီးသည့်သူများသည် မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ၎င်းတို့ကိုယ်တိုင်လာရောက်စာရင်းသွင်းရမည်ဖြစ်သည်။ မြို့ပြနှင့်အိမ်ရာဌာနသည် မေလ ၂၀ ရက်နေ့တွင် မဲနှိုက်ရမည့်သူများစာ ရင်းကို ကြေငြာမည်ဖြစ်သည်။