ဝါဂွမ်း၊ ချည်မျှင်၊ရက်ကန်းယက်တန်းများ ဘားအံတွင် ပို့ချမည်

...

ဝါဂွမ်း၊ ချည်မျှင်၊ရက်ကန်းယက်တန်းများ ဘားအံတွင် ပို့ချမည်

The Global New Light of Myanmar, 30 May 2019

URL: http://www.globalnewlightofmyanmar.com/cotton-textile-weaving-courses-to-be-offered-in-hpa-an-town/
ဘားအံရှိ ရက်ကန်းယက််ခြင်းနှင့် အသက်မွေးမှုသင်တန်းကျောင်းတွင် ဝါဂွမ်းနှင့် ချည်မျှင်သင်တန်းကို တစ်နှစ်ပို့ချပေးမည်ဖြစ်ပြီး ရက်ကန်းယက်လုပ်ခြင်းသင်တန်းကို ၆ လ ပို့ချပေးမည်ဖြစ်သည်။

ဝါဂွမ်းနှင့် ချည်မျှင်သင်တန်းတွင် အယောက် ၂၀ ခေါ်ယူမည်ဖြစ်ပြီး ရက်ကန်းယက်သင်တန်းတွင် ၁၀ ယောက် ခေါ်ယူမည်ဖြစ်သည်။

ကျောင်းမှ သင်တန်းသားများကို ထောက်ပံ့ကြေးတစ်လလျှင် ငွေကျပ် သုံးသောင်း ပေးမည်ဖြစ်သည်။

သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လာရောက်လျှောက်ထားသူများသည် အလယ်တန်းအဆင့်ပြီးဆုံးအသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း ရှိရမည်ဖြစ်သည်။

သင်တန်းကျောင်းတွင် သင်တန်းသာများအတွက် နေရာထိုင်ခင်းနှင့် အခြားလိုအပ်သောအထောက်အကူများကို ပံ့ပိုးပေးမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများသည် ဖုန်း 058-21607 နှင့် 09-253525348 ထံသို့ ဇွန်လ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်စာရင်းသွင်းနိုင်သည်။