YRIC မှ အလုပ်အကိုင် ၅၆၀၀ ကျော် ဖန်တီးပေးနိုင်သည့် ပြည်တွင်းပြည်ပစီမံကိန်း ၁၁ ခုကို ခွင့်ပြု

...

YRIC မှ အလုပ်အကိုင် ၅၆၀၀ ကျော် ဖန်တီးပေးနိုင်သည့် ပြည်တွင်းပြည်ပစီမံကိန်း ၁၁ ခုကို ခွင့်ပြု

The Global New Light of Myanmar, 30 May 2019

URL: http://www.globalnewlightofmyanmar.com/yric-permits-11-foreign-domestic-projects-to-create-over-5600-jobs/
ရန်ကုန်တိုင်းဒေသကြီးအစိုးရရင်းနှီးမြှုပ်နှံမှုကော်မရှင်(YRIC) သည် ပြည်ပစီမံကိန်း ၈ ခုနှင့် ပြည်တွင်း စီမံကိန်း ၃ ခုကို မီးစိမ်းပြလိုက်ပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ယူအက်စ်ဒေါ်လာ ၁၅.၈ သန်းနှင့် ငွေကျပ် ၆.၂ ဘီလီယံရှိကြောင်း ယမန်နေ့က အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

(YRIC) ၏ သတင်းစာရှင်းလင်းပွဲထုတ်ပြန်ချက်အရ စီမံကိန်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၅၆၃၀ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားသည်။

၂၀၁၇-၂၀၁၈ (သြဂုတ်-မတ်)လ ဘဏ္ဍာနှစ်အတွင်း YRIC သည် ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပြည်ပစီမံကိန်း ၃၉ ခုနှင့် ပြည်တွင်းစီမံကိန်း ၉ ခုကို ခွင့်ပြုပေးခဲ့ပြီး ယူအက်စ်ဒေါ်လာ ၅၆.၆ သန်းနှင့် ငွေကျပ် ၂၃ ဘီလီယံရှိပြီး အလုပ်အကိုင် ၂၂၄၈၁ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။

ရန်ကုန်တိုင်းတွင် ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှုအများဆုံးဖြစ်သည်။ စီးပွားရေးလုပ်ငန်းများမှာ ဆေးဝါး ထုတ်လုပ်မှုများ၊ ယာဉ်၊ မော်တော်ကား၊ ကွန်တိန်နာ သေတ္တာများနှင့် ဖြတ်၊ညှပ်၊ထုတ်ပိုးသည့်စက်ရုံများဖြစ်ကြသည်။

ဒေသကြီးနှင့် ပြည်နယ်များအကြားတွင် ရန်ကုန်တိုင်းဒေသကြီး၍ လာရောက်ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းရှိပြီး မန္တလေးတွင် ၃၀ ရာခိုင်နှုန်းရှိသည်။ အခြားသောပြည်နယ်နှင့်တိုင်းများသည် အသေးစားရင်းနှီးမြှုပ်နှံ မှုများသာ ရရှိကြောင်း သိရှိရသည်။