ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များကို ငွေကြေးထောက်ပံ့ရန် IDAထံမှ ချေးငွေ ရယူရေး လွှတ်တော်အတည်ပြု

...

ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များကို ငွေကြေးထောက်ပံ့ရန် IDAထံမှ ချေးငွေ ရယူရေး လွှတ်တော်အတည်ပြု

Eleven Myanmar, 01 Jun 2019

URL: https://elevenmyanmar.com/news/ministry-to-take-loan-of-100-m-usd-for-pregnant-mothers-and-children-cash-assistance
ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော၂နှစ်အောက် ကလေးငယ်များအတွက် ငွေကြေး ထောက်ပံ့ပေးရန် ကမ္ဘာ့ ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ထံမှ အမေရိကန် ဒေါ်လာ သန်း (၁၀၀) ချေးယူရေးကိစ္စကို ဇွန်လ ရ ရက်က ကျင်း ပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် အတည်ပြုခဲ့သည်။

အဆိုပါ အစီအစဉ်ကို လူဦးရေနှင့် ကျန်းမာရေးစစ်တမ်း ၂၀၁၅-၁၆ အရ ပုညှက်မှုနှုန်းမြင့်မားလျက်ရှိသည့် ဧရာဝတီတိုင်း ဒေသ ကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်းများအတွက် ငါးနှစ်စီမံ ကိန်းရေးဆွဲ၍ လုပ်ဆောင်သွားမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။
“လက်ရှိဆောင်ရွက်ပေးနေသောတိုင်းဒေသကြီးပြည်နယ်များနောက်တွင်ဆက်လက်ဆောင်ရွက်ပေးရန်လျာထားမှုအနေနဲ့၂၀၂၀၂၀၂၁ဘဏ္ဍာရေးနှစ်တွင်ကချင်ပြည်နယ်၊မွန်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် တွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် တွင်တနင်္သာရီတိုင်းဒေ သကြီးတို့၌ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ကာလလတ်အစီအစဉ်ဖြင့်ငါးနှစ် စီမံကိန်းရေးဆွဲလျာထားပြီးဖြစ်ပါ တယ်။ကျန်ပြည်နယ်တိုင်းဒေသကြီးများကိုလည်းငါးနှစ်တာကာလနောက်ပိုင်းဘဏ္ဍာရေး နှစ်များ မှာကျန်းမာရေးနဲ့အားကစားဝန် ကြီးဌာနကသုတေသနပြုထားသောလူဦးရေနဲ့ကျန်းမာရေးဆိုင်ရာ စစ်တမ်း ၂၀၁၅ -၂၀၁၆ ပါပုညှက်မှု နှုန်းများအရတိုးချဲ့ဆောင် ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦး စိုးအောင်ကပြောသည်။

အဆိုပါထောက်ပံ့ကြေးပေးသည့် အစီအစဉ်အရ ကိုယ်ဝန်ဆောင်စဉ် မိခင်တစ်ဦးအတွက် ကျပ်တစ်သောင်းခွဲ ထောက်ပံ့သွား မည်ဖြစ်ပြီး ကလေးမွေးဖွားပြီးချိန်တွင် မိခင်အတွက် ရရှိတော့မည်မဟုတ်ဘဲ ကလေးအတွက်သာ အဆိုပါ ထောက်ပံ့ငွေကြေးကို ဘဝအစ ရက်တစ်ထောင်အတွင်း အဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့အတွက် လုပ်ဆောင် သွားမည်ဟု သိရသည်။

“အကျိုးခံစားခွင့်အတွက်အကျုံးဝင်မှုကာလနဲ့ပတ်သက်ပြီးကိုယ်ဝန်ဆောင်မိခင်များနဲ့၄င်းတို့မှမွေးဖွားလာသောအသက်၂နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့သည့်အစီအစဉ်ဟုဖော်ပြထားခြင်းမှာအစီအစဉ်စတင်သည့်အချိန်ကာလဥပမာ၂၀၁၉ခုနှစ်အောက်တိုဘာ၁ရက်တွင်ကိုယ်ဝန်ဆောင်ထားသောကိုယ်ဝန်ဆောင်မိခင်များအားလုံးနဲ့၄င်းနေ့ရက်နဲ့နောက်ပိုင်းမှာမွေးဖွားသောကလေးသူငယ်များအားလုံးကို အကျိုးခံစားခွင့်ပေးမှာဖြစ်ပါတယ်။ဒီ့အပြင်အကျိုးခံစားခွင့် ငွေကြေးအနေနဲ့ မိခင်က တစ် သောင်းခွဲကျပ်၊ကလေးကတစ်သောင်းခွဲကျပ်၊တစ်ပြိုင်နက်တည်းခံစားရမှာမဟုတ်ဘဲကိုယ်ဝန်ဆောင်စဉ်မှာမိခင်ကိုပေးခြင်းဖြစ်ပြီးတော့ မှ မွေးဖွားပြီးတဲ့ အခါမှာ ကလေးအတွက်ပေးခြင်း ဖြစ်တဲ့အတွက်က တစ်လကို သူတို့ ၂ ယောက်အတွက်က တစ်သောင်း ငါးထောင်ကျပ်သာ ရရှှိမှာ”ဟု ဦးစိုးအောင်က ပြောသည်။အထက်ပါ ထောက်ပံ့ခြင်းအစီအစဉ်ကို မြန်မာနိုင်ငံ၏ နယ်နမိတ်အတွင်း မှီတင်းနေထိုင် သည့် လူများအားလုံးကို မည်သည့်အချက်ပေါ်မှာမှ အခြေခံကာခွဲခြားသွားမှာ မဟုတ်ပဲ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှတ်တမ်းနှင့် ကလေးအတွက် ကာကွယ်ဆေးထိုး မှတ်တမ်းရှိသူအားလုံးကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။