မြန်မာလုပ်သားများအား ဂျပန်မှ စက်ပြင်ကျွမ်းကျင်သင်တန်းများ ပေးမည်

...

မြန်မာလုပ်သားများအား ဂျပန်မှ စက်ပြင်ကျွမ်းကျင်သင်တန်းများ ပေးမည်

The Global New Light of Myanmar, 03 Jun 2019

URL: http://www.globalnewlightofmyanmar.com/myanmar-workers-to-gain-mechanic-skills-in-japan/
မြန်မာ-ဂျပန် SEDA ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရှိစက်ပြင်သမားများသည် အလုပ်သင်များအဖြစ် ဂျပန်နိုင်ငံ၌ ရရှိတော့မည်ဖြစ်သည်။

“ဂျပန်နိုင်ငံက သက်ကြီးစောင့်ရှောက်မှုစင်တာတွေမှာ လုပ်ဖို့အတွက် မြန်မာနိုင်ငံကဝန်ဆောင်မှုလုပ်သားတွေ ပို့ပေးတာနဲ့စပ်လျဉ်းပြီး ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ လလောက်က MoU လက်မှတ်ရေးထိုး ခဲ့ပါတယ်။ အခု စက်ပြင်သမားတွေကို ဂျပန်ကို အမြန်ဆုံးစေလွှတ်ပါတော့မယ်။ ကျွန်တော်တို့ အခြားအလုပ်သမားတွေကိုလည်း ဂျပန်ကို ပို့ဖို့ရှိပါတယ်၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်လုပ်ငန်းတွေမှာ လုပ်ကိုင်ချင်တဲ့မြန်မာလုပ်သားတွေကို သင်တန်းတွေပေးဖို့ရှိပါတယ်” ဟု Myanmar-Japan SEDA မှ ဦးအေးမင်းက ပြောခဲ့သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံအပါအဝင် အာဆီယမ်နိုင်ငံများမှ အလုပ်သမား ၅ သိန်းကျော်ကို အလုပ်အမျိုးအစား ၁၄ ခုအရ ဂျပန်နိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် ခွင့်ပြုမည်ဖြစ်သည်။ ဂျပန်တွင် လာ ရောက်လုပ်ကိုင်မည့်သူများသည် ဂျပန်စာကားကို ကျွမ်းကျင်စွာပြောနိုင်ရမည်ဖြစ်ပြီး အစိုးရနှုန်းအရ ရေခြားမြေခြားအတွက် ကုန်ကျငွေယူအက်စ်ဒေါ်လာ ၂၈၀၀ ကုန်ကျမည်ဖြစ်သည်။ ဂျပန်မှ ထိုကုန် ကျမှုအတွက် တစ်ဝက်ကို ချေးပေးဖို့ ကမ်းလှမ်းရန်လည်း စီစဉ်ထားသည်။

“ဂျပန်က မြန်မာစက်ပြင်သမားတွေကို ငှားရမ်းချင်တယ်လို့ ကျွန်တာ်တို့ ကြားပါတယ်။ ဒါမြန်မာလူငယ်တွေအတွက် အဖိုးတန်တဲ့အခွင့်အလမ်းတစ်ခုပါပဲ ”ဟု Progress Automotive Technical Trading ကျောင်းမှ ကျောင်းအုပ် ဦးစန်းဦးက ပြောကြားခဲ့သည်။

ယမန်နေ့က Myanmar-Japan SEDA နှင့်အသင်းအဖွဲ့များ၊ ဂျပန်ဘာသာစကားစာသင်ကျောင်းများ၊ ပြည်ပအလုပ်အကိုင်စုဆောင်းရေးအေဂျင်စီများနှင့် ဘဏ္ဍာရေးအထောက်အကူပြုအဖွဲ့များသည် သင် တန်းသားများနှင့် ကျွမ်းကျင်စက်ပြင်သမားများ အား သင်တန်းပို့ချပေးရန်နှင့် ၎င်းတို့အား ဂျပန်သို့ စေလွှတ်ရန်အတွက် MoU ကို လက်မှတ်ရေးထိုးခဲ့သည်။