သမ္မတမှ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန်အတွက် ပိုမိုမြန်ဆန်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြား

...

သမ္မတမှ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန်အတွက် ပိုမိုမြန်ဆန်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြား

Myanmar Times, 28 May 2019

URL: https://www.mmtimes.com/news/president-urges-faster-reforms-build-federal-union.html
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေး ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီ၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံပြီး လမ်းညွှန် အမှာစကားပြောကြားသည်။

နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကားပြောကြားရာတွင် ယ ခုကဲ့သို့ တွေ့ဆုံပွဲ ပြုလုပ်ရခြင်းသည် မိမိတို့နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုကို ပိုမိုတိုးမြှင့်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါ ကြောင်း၊ မိမိတို့၏ အန္တိမရည်ရွယ်ချက်မှာ နိုင်ငံ တော်ကိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်မည်ဆိုသည့် သိန္နိဋ္ဌာန်ဖြစ်ပါကြောင်း။
တချို့က ပြုပြင်ပြောင်းလဲမှုကိုစိုးရိမ်နေကြပါကြောင်း၊ ပြုပြင် ပြောင်းလဲမှုသည် စိုးရိမ်စရာ မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံအ တွက် မိတ်ကောင်းဆွေကောင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲ မှုသည် ခြိမ်းခြောက်မှုမဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ဖွံ့ဖြိုး တိုး တက်မှုနှင့် နိုင်ငံသူ နိုင်ငံသားများ၏ သားစဉ်မြေးဆက် ပျော်ရွှင် ချမ်းမြေ့မှုအတွက် အခွင့်ကောင်းအခါကောင်း ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ်တွင် အပြန်အလှန်ထိန်းကျောင်းခြင်းရှိပါကြောင်း၊ ချစ်ခြင်း၊ မုန်းခြင်းအပေါ် မူမတည်ဘဲ အပြန်အလှန် ထိန်းကျောင်း မှုပေးခြင်းသည် ဒီမိုကရေစီ၏ အားသာချက် ဖြစ်ပါကြောင်း၊ အုပ်ချုပ် ရေးအပိုင်းက ဆောင်ရွက်ချက်များကို ဥပဒေပြုရေးအပိုင်းမှ ကိုယ်စားလှယ်များက ထိန်းကျောင်းရမည်ဖြစ်ကြောင်း၊ သို့သော်လည်းအုပ်ချုပ်ရေးအပိုင်းကို ဝင်ရောက် စွက်ဖက်ခြင်းမျိုးမဖြစ်ရန် လိုပါ ကြောင်း၊ ထို့အတူအုပ်ချုပ်ရေး အပိုင်းမှလည်း တရားစီရင်ရေးအပိုင်းကို ဝင်ရောက်စွက်ဖက်၍ မရပါကြောင်း၊ တရားစီရင်ရေး အပိုင်းမှလည်း ဥပဒေပြုရေးအပိုင်းကို ဝင်ရောက် စွက်ဖက်၍မရပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းနှင့် အဆိုများတင်သည့်အခါတွင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်းမေးခွန်း၊ အဆိုနှင့် ပတ်သက်သည့် ကန့်သတ်ချက်၊ စည်းကမ်းချက်များနှင့်အညီသာတင်သွင်းရမည် ဖြစ်ပါ ကြောင်း၊ ထို့ပြင် အဆိုနှင့်မေးခွန်းများသည် နိုင်ငံတော်အတွက်နောင်အကျိုးဆက်ကို ကြည့်ရမည်ဖြစ်ပါကြောင်း။မေးခွန်းများမေးမြန်းရာတွင် မေးသင့်မေးထိုက်သည်ကို မေးရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး အပိုင်းကလည်း သေသေချာချာကျ ကျနန ဖြေပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသည် အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန်လေးစား မှုပင် ဖြစ်ပါကြောင်း၊ လွှတ် တော်နှင့် အုပ်ချုပ်ရေးအပိုင်း အပြန်အလှန် ယုံကြည်မှုပေး၍ အပြန်အလှန် ထိန်းကျောင်းရမည် ဖြစ်ပါကြောင်း။

ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကိုယ်တိုင် မပြုပြင် မပြောင်းလဲဘဲ တစ်ခြားသူကို ပြုပြင်ပြောင်း လဲနိုင် မည်မဟုတ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်ရာတွင် အနာဂတ်မျိုးဆက်အတွက် တာဝန်ကျေ အောင် ထမ်းဆောင်ရန် လိုကြောင်း၊ သမိုင်းကပေးသည့် တာဝန်၊ နိုင်ငံတော်ကပေးသည့်တာဝန်ကို မိမိတို့မည်မျှ စွမ်းဆောင်နိုင်ခဲ့ သည်ဆိုသည့်အပေါ် မူတည်ပြီး နောင်မျိုးဆက်က အဆုံးအဖြတ် ပေးကြမည် ဖြစ်ပါကြောင်း၊ မိမိကျရာတာဝန်ကို အကောင်းဆုံး၊ အသေသပ်ဆုံး ဥပဒေနှင့်အညီ စည်းကမ်းနည်းလမ်းတကျ လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။
ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း မိမိအဖွဲ့အစည်း၊ မိမိလုပ်ပိုင်ခွင့်နှင့် မိမိလုပ်ရမည့် ကိစ္စကိုမှန်မှန်ကန်ကန် နားလည် ကျေညက်အောင် လေ့လာ သုံးသပ်ပြီး လုပ်စေလိုပါကြောင်း၊ တရားစီရင်ရေးသည် လွတ်လပ်သည့် တရားစီရင်ရေး ဖြစ်စေ လိုပါ ကြောင်း၊ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် တရားစီရင်စေလိုပါကြောင်း၊ ပြောလိုသည်မှာ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားမကျင့်ထုံး ဥပဒေ၊ တရားရုံးလက်စွဲ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေစသည်ဖြင့် တရားစီရင်ရေးနှင့် ပတ်သက်သည့် ဥပဒေများအတိုင်းသာဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့သည်။