ကော့ကရိတ်မြို့နယ်တွင်လူထုဆေးပေးခန်းတစ်ခုကေအဲန်ယူဖွင့်လှစ်

...

ကော့ကရိတ်မြို့နယ်တွင်လူထုဆေးပေးခန်းတစ်ခုကေအဲန်ယူဖွင့်လှစ်

Karen News, 21 Nov 2013

URL: http://www.kicnews.org/2013/11/%E1%80%B1%E1%80%80%E1%80%AC%E1%80%B7%E1%80%80%E1%80%9B%E1%80%AD%E1%80%90%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E
ကော့ကရိတ်မြို့နယ်၊နို့ဖိုးကျေးရွာအုပ်စုရှိမဲ့ကနဲ(မဲကနယ်)ကျေးရွာတွငိဒေသခံကျေးလက်လူထုကိုကျန်းမာရေးစောင့်ေရှာက်နိုင်ရေးအတွက်ယမန်နေ့က ကရင်အမျိုးသားစည်းအရုံး(ကေအဲန်ယူ)မှကျေးလက်ဆေးပေးခန်းတစ်ခုဖွင့်လှစ်ခဲ့သည်။

မဲ့ကနဲကျေးရွာအပါအဝင်၎င်းဒေသအနီးရှိကျေးရွာများမှာ နှစ်ပေါင်းများစွာကျန်းမာရေးစော့ရှောက်မှုကင်းကွာခဲ့သည်ကိုဖြည့်ဆည်းပေးရန်အတွက်ဒေသခံလူထုက တင်ပြလာမှုအပေါ်ဆေးပေးခန်းတည်ဆောက်ကာဖွင့်လှစ်လိုက်ရခြင်းဖြစ်ကြောင်းကေအဲန်ယူကော့ကရိတ်မြို့နယ်အတွင်းရေးမှူးစောအယ်ကောသောကယခုလိုပြောသည်။

မဲ့ကနဲဆေးပေးခန်းယခုလိုမဖွင့်မှီတစ်လခန့်ကျေးရွာအတွင်းရှိဆေးဆရာ၊ဆရာမများနှင့်ကေအဲန်ယူဗဟိုကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW)တို့ပူးပေါင်း၍ ကျေးရွာလူထုများကိုအခမဲ့ဆေးဝါးပေးဝေမှုနှင့်ဆေးကုသမှုအချို့စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟုလည်း၎င်းကဆက်ပြောသည်။

ယမန်နေ့မဲ့ကနဲဆေးခန်းဖွင့်ပွဲအခမ်းအနားသို့ KDHW တာဝန်ခံပဒိုစောအဲ့ကလူရွှေဦး၊ကေအဲန်ယူကော့ကရိတ်မြို့နယ်အတွင်းရေးမှူးစောအယ် ကော သော၊တပ်မဟာ(၆)စစ်ကြောင်းမှူးဗိုလ်မှူးစောလမင်း၊မြန်မာ နိုင်ငံဆေးပညာရှင် များအသင်း(BMA)၊မြဝတီခရိုင်အတွင်းရှိအ စိုးရ၏စစ်ဘက်၊ အုပ်ချုပ်ရေးဘက်နှင့်နယ်ခြားစောင့်တပ်တို့မှတာဝန်ရှိသူအချို့အပါအဝင်ဒေသခံလူထု စုစုပေါင်း ၂၀၀ကျော်တက်ရောက်ခဲ့ကြသည်။

မဲ့ကနဲကျေးရွာတွင်ဆေးပေခန်းတည်ဆောက်ဖွင့်လှစ်ပြီးနောက်နို့ဖိုးကျေးရွာအုပ်စုပ်အတွင်းရှိနို့ဖိုးရွာနှင့်ထီးမူးထာ့ရွာများ၌လည်းအလားတူဆေးပေးခန်း တည်ဆောက်သွားနိုင်ရန်ဆောင်ရွက်သွားမည်ဟုအဆိုပါကေအဲန်ယူကော့ကရိတ်မြို့နယ်အတွင်းရေးမှူးကဆက်လက်ပြောဆိုသည်။

မဲ့ကနဲဆေးပေးခန်းကိုယခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစတင်တည်ဆောက်ခဲ့ရာ ၎င်းမှာကေအဲန်ယူနှင့်မြန်မာအစိုးရတို့အပစ်အ ခတ်ရပ်စဲရေးကာလအတွင်းကေအဲန်ယူကော့ကရိတ်မြို့နယ်တွင်ပထမဦးဆုံးတည်ဆောက်ဖွင့်လှစ်နိုင် သည့်ဆေးခန်းတစ်ခုဖြစ်ကြောင်းသိရသည်။